တမူးမှာပစ်ခတ်နေလို့ ဒေသခံတွေ အိန္ဒိယဘက်ထွက်ပြေး

စစ်ကိုင်းတိုင်း တမူးမြို့မှာ စစ်ကောင်စီက ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေနတ်ကျည်ထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားသလို၊ ရဲတစ်ဦးလည်း သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူက RFA ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ သဲအိတ်ခံတပ်ကို ၂၀၂၁၊ ဧပြီ ၉ ရက်နေ့က တွေ့ရစဉ် Photo: Citizen Journalist

စစ်ကိုင်းတိုင်း တမူးမြို့မှာ စစ်ကောင်စီက ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေနတ်ကျည်ထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားသလို၊ ရဲတစ်ဦးလည်း သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူက RFA ကိုပြောပါတယ်။

ဒီနေ့ နေ့လယ်ခင်းမှာ က​လေးမြို့က​နေ ​ထွက်ခွာလာတဲ့ စစ်ကား နှစ်စီးနဲ့ ဘတ်ဟိုးကား​တွေ တမူးမြို့ ရောက်လာချိန်မှာ မြို့ထဲမဝင်ဖို့ ပြည်သူတွေက ဆန္ဒပြတောင်းဆိုချိန် စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွဲတာလို့ ဒေသခံတွေက ပြောပါတယ်။

တမူးမြို့မှာ အခုည​နေပိုင်းထိ ပစ်ခတ်​နေပြီး ဒေသခံတချို့ဟာ နယ်စပ် အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်​ပြေး​နေကြတယ်လို့ ထွက်ပြေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။

တမူးမြို့မှာ အင်တာနက် လုံး၀မရဘဲ အိန္ဒိယနိုင်ငံထုတ် ဖုန်းဆင်းကတ် အင်တာနက်လိုင်းတွေ သုံး​နေကြရပေမယ့် အခုဆိုရင် အဲဒီ အိန္ဒိယထုတ် အင်တာနက်လိုင်းတွေပါ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိ ညနေ ၅ နာရီခွဲထိ သေဆုံးသူ နှစ်ဦးရှိပြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် သေဆုံးသူတွေ ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ တမူးမြို့မှာ နေ့စဉ်ဆိုသလို ဆန္ဒပြပွဲတွေရှိနေပြီး ဆန္ဒပြပွဲအတွင်း စစ်ကောင်စီ ပစ်ခတ်လို့ သေဆုံးရတဲ့သူ ၄ ယောက်ရှိသွားပါပြီ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လို့ သေဆုံးရသူ အရပ်သား ၆၅၀ ကျော်ရှိသွားပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org