ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌနဲ့ ဓာတ်ပုံ သတင်းထောက် အဖမ်းခံရ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်း (ခေါ်) လင်းလင်းနဲ့ ဓာတ်ပုံသတင်း ထောက် ကိုဇော်လင်းထွဋ်တို့ ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကိုအသွား အဖမ်းခံလိုက်ရတယ်လို့ တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုက ကိုစိုးထက်ဦးက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ်နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းတို့ကို တွေ့ရစဉ် Photo: CJ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်း (ခေါ်) လင်းလင်းနဲ့ ဓာတ်ပုံ သတင်းထောက် ကိုဇော်လင်းထွဋ်တို့ ဒီဇင်ဘာ ၁၉ ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို အသွား အဖမ်းခံလိုက်ရတယ်လို့ တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုက ကိုစိုးထက်ဦးက RFA ကိုပြောပါတယ်။

သူတို့နှစ်ဦးကို ဘယ်ကို ဖမ်းသွားတယ်ဆိုတာ မသိရသေးဘဲ စုံစမ်းမှုတွေတော့ လုပ်နေကြောင်း၊ သူတို့ရဲ့ အသက် အန္တရာယ်ကို စိုးရိမ်နေတယ်လို့ပြောပါတယ်။

အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခေါ်) ကိုဖိုးသားဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေကို ဓာတ်ပုံရိုက်ကူးနေတဲ့သူ ဖြစ်ပါတယ်။ မဆုရည်လင်း (ခေါ်) လင်းလင်းကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ သပိတ်တွေကို ဦးဆောင်ခဲ့တဲ့သူ တစ်ဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ ကြည့်မြင်တိုင်မြို့နယ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုကို စစ်ကောင်စီတပ်တွေက ကားနဲ့ အနောက်ကနေ တိုက်ခဲ့လို့ သေဆုံးဒဏ်ရာ ရမှုတွေရှိခဲ့ပါတယ်။ အဲဒီအထဲမှာ သတင်းထောက် နှစ်ဦးလည်း ဒဏ်ရာရပြီး အဖမ်းခံထားရပါတယ်။

ဘယ်လိုပုဒ်မမျိုးတွေနဲ့ ဖမ်းဆီးထားတယ် ဆိုတာကတော့ မသိရသေးပါဘူး။ ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ဓာတ်ပုံရိုက်နေတဲ့ အလွတ်တန်း ဓာတ်ပုံသတင်းထောက် နှစ်ဦးလည်း အဖမ်းခံထားရပြီး အဲဒီအထဲက ကိုစိုးနိုင်ဟာ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org