စံရိပ်ငြိမ်က ဂမုန်းပွင့်ကုန်တိုက်မှာ ဗကသကျောင်းသားတွေ ဆန္ဒပြ
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်အနီး ဂမုန်းပွင့်ကုန်တိုက်မှာ မင်္ဂလာဒုံနဲ့ ကြည့်မြင်တိုင်မြို့နယ်တွေက (ဗကသများအဖွဲ့ချုပ်) ကျောင်းသားတွေဟာ နိုဝင်ဘာ ၂၉ ရက် ဒီနေ့မနက်မှာ လူထုဒေါ်အမာ ၁၀၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
- 2021-11-29
-
-
-
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်အနီး ဂမုန်းပွင့် ကုန်တိုက်မှာ မင်္ဂလာဒုံနဲ့ ကြည့်မြင်တိုင်မြို့နယ်တွေက (ဗကသများ အဖွဲ့ချုပ်) ကျောင်းသားတွေဟာ နိုဝင်ဘာ ၂၉ ရက် ဒီနေ့မနက်မှာ လူထုဒေါ်အမာ ၁၀၆ နှစ် မြောက် မွေးနေ့အထိမ်းအမှတ် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
ကျောင်းသားတွေ ဆန္ဒပြခဲ့ပြီးနောက် ရွာမကျောင်းလမ်းနဲ့ အင်းစိန်လမ်းမတလျှောက်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အဲဒီလိုပဲ ပြောရမှာပါပဲ။ ဆန္ဒပြသူတွေကို အသည်းအသန် လိုက်ရှာနေတာပါ။ လက်ရှိမှာ ဖမ်းဆီးခံထား ရတာတွေလည်း ရှိနေပါတယ်"
အင်းစိန်လမ်းမပေါ် ဂမုန်းပွင့်ရှေ့မှာလည်း စစ်သားတွေက လမ်းသွားလမ်းတွေရဲ့ ဖုန်းနဲ့အိတ်တွေကို စစ်ဆေးနေပြီး လက်ရှိမှာ လူငယ် နှစ်ယောက်ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သတင်းတွေ ထွက်နေပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကင်းမြို့နယ်၊ မြန်မာပလာဇာထဲမှာ ဆန္ဒပြလူငယ်တချို့ကို လုံခြုံရေး ဝန်ထမ်းတွေက ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ဒီအတွက် မြန်မာပလာဇာကို လူထုက သပိတ်မှောက်ထားကြပါတယ်။