တောင်တွင်းကြီးမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ မတ် ၂၃ ရက်ညက မြန်မာ့စီးပွားရေးဘဏ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ခရီးသွား ပြည်သူတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ ၂၀၂၁ မေလ ၂၃ ရက်ညက စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် သေဆုံးသွားတဲ့ ကိုဇေယျာဝင်း ပုံ Photo CJ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ မတ် ၂၃ ရက်ညက မြန်မာ့စီးပွားရေးဘဏ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဘုရားငါးဆူကံကြီး(တောင်)ကျေးရွာက ကိုဇေယျာဝင်း အသက် (၃၆) နှစ် ဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

''သူက တောင်တွင်းကြီးမြို့တောင်ဘက် ကသာကျေးရွာဘက် လမ်းပြင်တဲ့အဖွဲ့ထဲမှာ အလုပ်လုပ်ပြီး အလုပ်သိမ်းလို့ ဆိုင်ကယ်နဲ့ ပြန်လာတာ။ တောင်တွင်းကြီးမြို့ကို ဖြတ်မောင်းလာချိန် စစ်သွေးကြွ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ရဲ့ ပရမ်းပတာပစ်ခတ်လို့ ကျည်ဆံက နောက်ကျောကနေ ရင်ဘတ်ကို ဖောက်ထွက်သွားပြီး ညတွင်းချင်း မကွေးဆေးရုံကိုပို့ပေမယ့် လမ်းမှာပဲ သေဆုံးသွားခဲ့တာပါ။ အခုတော့ အလောင်းပြန်သယ်ပြီး သူ့ရွာမှာ စျာပနကျင်းပဖို့လုပ်နေကြပါတယ်။ ပြည်သူကို ရန်သူလိုသဘော ထားနေတဲ့ စစ်အုပ်စုကိုလည်း အမြန်ဆုံးကျရှုံးပါစေလို့ ပြောချင်ပါတယ်'' လို့ သေဆုံးသူရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက အတည်ပြု ပြောဆိုပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကနေ အခုချိန်ထိ လေးလကျော်ကာလအတွင်း၊ တောင်တွင်းကြီး မြို့နယ်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အပစ်မဲ့ပြည်သူ သုံးဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org