၆ ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ ဧပြီလ ၁၀ ရက်နေ့ ကျင်းပမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဌ နှစ်ဦး တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စား လှယ် တစ်ဦးပါဝင်တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းက ဒီကနေ့ ပြောကြားပါတယ်။

နေပြည်တော်သမ္မတ အိမ်တော်ဝင်း အစည်းအဝေးခန်းမ မှာ အောက်တိုဘာ ၃၁ ရက်နေ့ကကျင်းပတဲ့ နိုင်ငံရေး ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်လာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ လက်ဆွဲနှုတ်ဆက်ကြစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဌ နှစ်ဦး တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပါဝင်တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီကနေ့ ပြောကြားပါတယ်။

နေပြည်တော်လွှတ်တော် ဇဗ္ဗူသီရိခန်းမမှာ ဒီနေ့ နေ့လယ်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးပါတီ ၁၈ ပါတီက ကိုယ်စားလှယ်တွေနဲ့ သူရ ဦးရွှေမန်းတို့ တွေ့ဆုံခဲ့ပြီး အခုလို ပြောကြားခဲ့ တာဖြစ်ကြောင်း ၆ ပွင့်ဆိုင်တွေ့ဆုံပွဲတက်ရောက် ဖို့ ရွေးချယ်ခံထားရတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံ့ခေါင်းဆောင်တွေ ခြောက်ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲ က ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုအစိုးရကို တိုက်တွန်းထားတာဖြစ်ပါတယ်။

ဒီ ၆ ပွင့်ဆိုင်တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org