မြန်မာစစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ခြောက်ဦးကို ဗြိတိန် ပိတ်ဆို့အရေးယူ
စစ်အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ကောင်စီ အဖွဲ့ဝင် ခြောက်ဦးကို ဗြိတိန်နိုင်ငံက မနေ့က ပြစ်ဒဏ်ခတ် အရေးယူ ပိတ်ဆို့လိုက်ပါတယ်။
- 2021-02-25
-
-
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: RFA
စစ်အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ကောင်စီ အဖွဲ့ဝင် ခြောက်ဦးကို ဗြိတိန်နိုင်ငံက မနေ့က ပြစ်ဒဏ်ခတ် အရေးယူ ပိတ်ဆို့လိုက်ပါတယ်။
ဒီခြောက်ဦးစလုံး ဗြိတိန် လာရောက်ခွင့်မရတော့ဘဲ ဗြိတိန်စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့စည်းတွေကလည်း သူတို့နဲ့ ဆက်ဆံလုပ်ကိုင်လို့မရတော့ပါဘူး။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နဲ့ ဒု-ဗိုလိချုပ်ကြီး မိုးမြင့်ထွန်းတို့ကို ဗြိတိန်က အရေးယူလိုက်တာပါ။
ဗြိတိန်ဟာ လောလောဆယ်မှာ G-7 အလှည့်ကျ သဘာပတိဖြစ်ပြီး နိုင်ငံတကာနည်းတူ မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဝေဖန်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းနေပါတယ်။