ရွှေဘိုမှာ ပန်းရံဆရာတစ်ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စစ်ကောင်စီကို သတင်းပေးနေသူဆိုပြီး စွပ်စွဲခံထားရသူ ပန်းရံဆရာ ဦးစိုးတင့်ဟာ ဒီကနေ့ သြဂုတ်လ ၂၉ ရက်နေ့မှာ သေနတ်နဲ့ပစ်သတ်ခံ ရလို့ သေဆုံးသွားပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ပန်းရံဆရာ ဦးစိုးတင့် သေနတ်နဲ့ပစ်သတ်ခံရလို့ ၂၀၂၁ သြဂုတ် ၂၉ ရက်နေ့က သေဆုံးခဲ့စဉ် Photo: CJ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စစ်ကောင်စီကို သတင်းပေးနေသူဆိုပြီး စွပ်စွဲခံထားရသူ ပန်းရံဆရာ ဦးစိုးတင့်ဟာ ဒီကနေ့ သြဂုတ်လ ၂၉ ရက်နေ့မှာ သေနတ်နဲ့ပစ်သတ်ခံရလို့ သေဆုံးသွားပါတယ်။

သာယာကုန်းရပ်ကွက်မှာနေတဲ့ ဦးစိုးတင့်ဟာ ဆိုင်ကယ်စီးလာစဉ် ရွှေဘိုမြို့ အမှတ် (၇) ဆုံးကုန်း ရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားအနီး ရွှေဥဒေါင်း ဂျုံစက်ရှေ့မှ အသံတိတ်တပ်ထားတဲ့ သေနတ်နဲ့ ၈ ချက်လောက် အပစ် ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူက ဒလန်သတင်းပေးသူနေတဲ့ သာယာကုန်းရပ်ကွက်ထဲမှာဆိုရင်လည်း သူသတင်းပေးလို့ ရပ်ကွက်ထဲ ကို စစ်တပ်က ဝင်စီးတာရှိတယ်။ လူငယ်တွေလည်း အဖမ်းခံရတာ ဆိုင်ကယ်တွေ သိမ်းသွားတာတွေလည်း ရှိတယ်”

ရွှေဘိုမြို့ပေါ်အပါအဝင်၊ တီးလုံးရွာနဲ့ ရွှေဘိုနယ်တဝိုက်တို့မှာ ဒလံသတင်းပေးလို့ စွပ်စွဲခံရလို့ အသတ်ခံကြ ရတာ အခုဆိုရင် ကိုးယောက်လောက်ရှိပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org