ရွှေအပြင် မြသဘာဝဓာတ်ငွေ့ စီမံကိန်းကပါ သဘာဝဓာတ်ငွေ့ ထွက်ရှိ

မြန်မာနိုင်ငံ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Mya North ခေါ် အနောက်ဘက် မြသဘာဝဓါတ်ငွေ့လုပ်ကွက် ကနေ ဓာတ်ငွေ့တွေ စတင်ထုတ်ယူနေပြီလို့ တောင်ကိုရီး ယား ဒေဝူးကော်ပိုရေးရှင်းက ပြောပါတယ်။

မြန်မာနိုင်ငံ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Mya North ခေါ် အနောက်ဘက် မြသဘာဝဓါတ်ငွေ့ လုပ်ကွက်ကနေ ဓာတ်ငွေ့တွေ စတင်ထုတ်ယူနေပြီလို့ တောင်ကိုရီးယား ဒေဝူးကာ်ပိုရေးရှင်းက ပြောပါတယ်။

မြသဘာဝဓါတ်ငွေ့တွင်း ၄ တွင်းကို မနှစ်က တူးခဲ့တာဖြစ်ပြီး စုစုပေါင်းတစ်ရက်ကို ဓါတ်ငွေ့ကုဗပေသန်းပေါင်း ၁၂ဝ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း လုပ်ငန်းစုတူးဖေါ်မှုတွေဟာ ၂၀၁၄ နှစ်ကုန်ပိုင်းမှာ အပြီးသတ်မှာဖြစ်ပါတယ်။ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း လုပ်ငန်းစုကနေ စုစုပေါင်းတစ်ရက်ကို ဓါတ်ငွေ့ပမာဏ ကုဗပေ သန်းပေါင်း ၅ဝဝ ထုတ်လုပ်နိုင်မယ်လို့ ဒေဝူးကော်ပိုရေးရှင်းက ဆိုပါတယ်။

ရွှေစီမံကိန်းက ထွက်ရှိတဲ့ဓါတ်ငွေ့တွေကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း CNPC က ပိုက်လိုင်းကတစ်ဆင့် ဝယ်ယူမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရွှေ၊ ရွှေဖြူ နဲ့ မြသဘာဝဓါတ်ငွေ့လုပ်ကွက်တွေမှာ ဓာတ်ငွေ့သယံဇာတ ပမာဏစုစုပေါင်းကုဗပေ ကုဋေပေါင်း လေးသောင်းခွဲလောက်ရှိမယ်လို့ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း CNPC က ခန့်မှန်းထားပါတယ်။

ရွှေဓာတ်ငွေ့စီမံကိန်းမှာ ဒေဝူးက ၅၁ ရာနှုန်း၊ အိန္ဒိယရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီ ONGC က ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့ကော်ပိုရေးရှင်းက ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ GAIL နဲ့ ကိုရီးယား ဓာတ်ငွေ့ကော်ပိုရေးရှင်းတို့က ၈.၅ ရာခိုင်နှုန်းစီ အသီးသီးမြှုပ်နှံထားကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org