သျှမ်းသံတော်ဆင့် တောင်ကြီးမြို့ မှာ စတင်အခြေစိုက် ထုတ်ဝေ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် သျှမ်းသံတော်ဆင့် ရှမ်းတိုင်းရင်းသား သတင်းဌာနဟာ သျှမ်းသံတော်ဆင့် ဂျာနယ်ကို ပထမဦးဆုံးအကြိမ်အဖြစ် ရှမ်းပြည်တောင် ပိုင်း တောင်ကြီးမြို့မှာ ဒီကနေ့မှာ စတင်ထုတ်ဝေ ဖြန့်ချီ လိုက်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် သျှမ်းသံတော်ဆင့် ရှမ်းတိုင်းရင်းသားသတင်းဌာနဟာ သျှမ်းသံတော်ဆင့်ဂျာနယ်ကို ပထမဦးဆုံးအကြိမ်အဖြစ် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီကနေ့မှာ စတင်ထုတ်ဝေ ဖြန့်ချီလိုက်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေ သတင်းအချက်အလက် မှန်မှန်ကန်ကန် သိရှိနိုင်ဖို့ စတင်ထုတ်ဝေလိုက်တာလည်းဖြစ်တယ်လို့ သျှမ်းသံတော်ဆင့်ဂျာနယ် ထုတ်ဝေသူ အယ်ဒီတာ စိုင်းဆိုင်မိန်းက RFA ကို ပြောပါတယ်။

“အခုဟာ ကျနော်တို့ သျှမ်းသံတော်ဆင့် သတင်းဂျာနယ်အနေနဲ့ ထုတ်တယ်၊ နာမည်ကလည်း သျှမ်းသံတော်ဆင့် ပါပဲခင်ဗျ၊ ကျနော်တို့ရဲ့ ဦးတည်ချက်ကတော့ ပထမအနေနဲ့ပေါ့နော် ကျနော်တို့ ဒီရှမ်းတွေရှိတဲ့နေရာမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေ ပိုမိုပြီးတော့မှ သိရှိဖို့ပေါ့ နောက်တစ်ခုကတော့ ဖြစ်ပျက်နေတဲ့သတင်းတွေကို ရှမ်းပြည်သူလူထု အကြားပေါ့နော် သတင်းတွေ လက်ခံရရှိဖို့ ရည်ရွယ်ပါတယ်၊ နောက်တစ်ခုကတော့ ရှမ်းလိုပဲမထုတ်ပဲနဲ့ ဒီဗမာတစ်ဝက်၊ ရှမ်းတစ်ဝက်ပေါ့ခင်ဗျ၊ ကျနော်တို့ ပထမ ဦးဆုံးလုပ်တယ်ဆိုတော့ ကျနော်တို့ စောင်ရေ ၃၀၀၀ ထုတ်ဝေပါတယ်၊ အများအားဖြင့်တော့ ဒီရှမ်းပြည် မြို့နယ်အနှံ့ကိုဖြန့်ဖို့ ကြိုးစားနေပါတယ်ခင်ဗျ”

သျှမ်းသံတော်ဆင့်ဂျာနယ်မှာ သတင်းတွေအပြင်၊ ဆောင်းပါး၊ ကာတွန်းနဲ့ စာပေယဉ်ကျေးမှုကဏ္ဍတွေပါဝင်ပြီး မြန်မာဘာသာနဲ့ ၁၀ မျက်နှာ၊ ရှမ်းဘာသာနဲ့ ၁၀ မျက်နှာ ပါဝင်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဖြန့်ဝေလိုက်တဲ့ သတင်းဂျာနယ်တွေကို မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ ကွတ်ခိုင်၊ သိန္ဒီ၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ တန့်ယန်း၊ မှိုင်းရှုး၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ မိုးနဲ၊ လင်းခေး၊မိုင်ပန် စတဲ့မြို့နယ်တွေကို စတင်ဖြန့်ဝေလိုက်တယ်လို့ ထုတ်ဝေသူ အယ်ဒီတာ စိုင်းဆိုင်မိန်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org