ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဒီကနေ့မနက်ပိုင်းက ကွတ်ခိုင်-မူဆယ် လမ်းပိုင်း နမ့်ဖက်ကာအနီးမှာ တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့သိန္နီမြို့နယ်အကြား လွိုင်ဆမ်ဆစ်တောင်ခြေမှာ တပ်မတော်သားတချို့ကို ၂ဝ၁၉ သြဂုတ် ၂၂ ရက်နေ့က တွေ့ရစဉ် Photo: Kan Thar/RFA

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဒီကနေ့မနက်ပိုင်းက ကွတ်ခိုင်-မူဆယ် လမ်းပိုင်း နမ့်ဖက်ကာအနီးမှာ တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော်က သတင်း ထုတ်ပြန်ပါတယ်။

မနက် ၁၀ နာရီခွဲကျော်လောက်က နမ့်ဖက်ကာရဲ့မြောက်ဘက် လေးမိုင်အခန့်အကွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး မနေ့ကလည်း အဲဒီလမ်းမကြီးပေါ်မှာ ဒေသန္တရမိုင်းတွေ ထောင်ထားတာတွေလည်း တွေ့ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မနေ့က နမ့်ဖက်ကာအဝင် နှစ်မိုင်ကျော်အကွာလောက်မှာ မီးရှို့ထားတဲ့ ကား သုံးစီးကို လမ်းမကြီးပေါ်မှာ ကန့်လန့်ဖြတ်ပိတ်ထားပြီး မိုင်းတွေလည်း ထောင်ထားတာတွေ့ရတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီကား သုံးစီးဟာ တပ်မတော်ရဲ့ သံချပ်ကာကားတွေက ပစ်လိုက်လို့ မီးလောင်သွားတာဖြစ်ပြီး မိုင်းတွေထောင် ထားတယ်ဆိုတာလည်း မဟုတ်ဘူးလို့ TNLA ပြောခွင့်ရသူ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

မနေ့က ကွတ်ခိုင်မြို့အထွက် ရင်ကွဲတောင်အနီး လမ်းမကြီးပေါ်မှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တပ်မတော်က သံချပ်ကာကားတွေ အလုံးအရင်းနဲ့ တက်လာတယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org