အခြေခံပညာကျောင်းတွေ နိုဝင်ဘာ ၁ ရက်နေ့ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီကြေညာ
နိုင်ငံတဝန်း မြို့နယ် ၄၆ မြို့နယ်က ကျောင်းတွေက လွဲလို့ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေက အခြေခံပညာကျောင်းတွေအားလုံးကို နိုဝင်ဘာ ၁ ရက်နေ့က စပြီး ပြန်လည်ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီရဲ့ ကိုဗစ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက အောက်တိုဘာ ၂၈ ရက်နေ့က ကြေညာလိုက်ပါတယ်။
- 2021-10-28
-

ကျောင်းတွေ ယာယီဆက်ပိတ်ထားမယ့် တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့နယ် ၄၆ မြို့နယ်ထဲမှာ… ရှမ်းပြည်နယ်က ၂၆ မြို့နယ်၊ ကချင်ပြည်နယ်က ၆ မြို့နယ်၊ မကွေးတိုင်းက ၄ မြို့နယ်၊ ကယားပြည်နယ်က ၃ မြို့နယ်၊ ကရင်ပြည်နယ်ထဲက ဖာပွန်နဲ့ သံတောင်ကြီးမြို့နယ်၊ ချင်းပြည်နယ်ထဲက ဖလမ်းနဲ့ ဟားခါး၊ စစ်ကိုင်းတိုင်းက လေရှီးမြို့နယ်၊ မန္တလေးတိုင်းက မိတ္ထီလာမြို့နယ်၊ ရခိုင်ပြည်နယ်ထဲက ဂွမြို့နယ်တို့ ပါဝင်ပါတယ်။
ဒီမြို့နယ်တွေကလွဲပြီး ကျန်တဲ့ မြို့နယ်တွေက ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ အပါအဝင် အခြေခံပညာကျောင်းတွေကို နိုဝင်ဘာ ၁ ရက်ကစလို့ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန် ၂ဝ၁၉ ကစပြီး ကျောင်းတွေ ပိတ်ထားခဲ့ရတာပါ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂ဝ၂ဝ ဇွန်လမှာတော့ စစ်ကောင်စီက ကျောင်းတွေ ပြန်ဖွင့်ခဲ့ပေမယ့် အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ကျောင်းတက်ရောက်သူ နည်းပါးခဲ့ပါတယ်။ အဲ့ဒီနောက် ကိုဗစ်တတိယလှိုင်း စတင်ချိန် ဇူလိုင်လဆန်းပိုင်းကစလို့ ကျောင်းတွေကို ပြန်ပိတ်ထားဖို့ စစ်ကောင်စီက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။