ဆရာကြီး ဒဂုန်တာရာ ၉၇ နှစ်ပြည့် မွေးနေ့ ကျင်းပ


2016.05.10
dagon-tayar-620.jpg ဆရာကြီး ဒဂုန်တာရာပုံ ပန်းချီကားကို တွေ့ရစဉ်
Photo: RFA

ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ၉၇ နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားကို စာပေအနုပညာ ရှင်တွေက ရှမ်းပြည်နယ် အောင်ပန်းမြို့က မယ်ခိုတောင်ဘုန်းကြီးကျောင်းမှာ ဒီနေ့ကျင်းပကြပါတယ်။

ဆရာကြီး ဒဂုန်တာရာကို အမှတ်တရဂုဏ်ပြုတဲ့ စာတမ်းတွေ၊ ကဗျာတွေ ရွတ်ဖတ်ခဲ့ကြတယ်လို့ မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့ ဦးထွန်းဝင်းငြိမ်း က ပြောပါတယ်။

"ဆရာ ဒဂုန်တာရာရဲ့ ၉၇ နှစ်မြောက်မွေးနေ့ အခမ်းအနားကို စာတမ်းဖတ်ခြင်း အစီအစဉ်ပါတယ်၊ ကဗျာရွတ်တဲ့ အစီအစဉ်ပါတယ်၊ ဆရာ ဒဂုန်တာရာကို အမှတ်တရ ဂုဏ်ပြုစားပြောတဲ့ အစီအစဉ်တွေ ပါတယ်ခင်ဗျ၊   စာတမ်း ဖတ်တဲ့သူက ငါးဦးရှိပါတယ်"

မွေးနေ့ပွဲအခမ်းအနားကို စာပေပညာရှင်တွေနဲ့ ဒေသခံတွေ တစ်ရာနီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။ ဆရာကြီး ဒဂုန်တာရာဟာ ၂၀၁၃ ခုနှစ်က အောင်ပန်းမြို့က နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် စာပေနဲ့ တိုက်ပွဲဝင်ခဲ့သူဖြစ်တဲ့ ဆရာကြီး ဒဂုန်တာရာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ အတွက် ကဗျာ၊ စာပေတွေကို ရေးသားခဲ့သူဖြစ်ပါတယ်။

ဆရာကြီး ဒဂုန်တာရာ အထိမ်းအမှတ် ကျောက်စာတိုင်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က အမရပူရမြို့မှာ ရှိတဲ့ တောင်လေးလုံးကျောင်တိုက်မှာ စိုက်ထူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။