ရှမ်းယူနိုက်တက် ဘောလုံးအသင်းကို သြစတြေးလျက ပြည်ဝင်ခွင့်ငြင်းပယ်

မြန်မာစစ်ကောင်စီနဲ့ နီးစပ်တဲ့ ဝမင်းကော်ပိုရေးရှင်း ဥက္ကဋ္ဌ ခွန်နောင်မြင့်ဝေ ပိုင်ဆိုင်တဲ့ ရှမ်းယူနိုက်တက် ဘောလုံးအသင်းကို သြစတြေးလျနိုင်ငံက ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ငြင်းပယ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ကြိုဆိုလိုက်ပါတယ်။

မက်အာသာအသင်းနဲ့ AFC Cup ပွဲ မကစားခင် နိုဝင်ဘာ ၂၈ ရက်နေ့က ထိုင်းနိုင်ငံတွင် လေ့ကျင့်နေသည့် ရှမ်းယူနိုက်တက်အသင်း ကစားသမားများအားတွေ့ရစဉ်။ Shan United FC

မြန်မာစစ်ကောင်စီနဲ့ နီးစပ်တဲ့ ဝမင်းကော်ပိုရေးရှင်း ဥက္ကဋ္ဌ ခွန်နောင်မြင့်ဝေ ပိုင်ဆိုင်တဲ့ ရှမ်းယူနိုက်တက်ဘောလုံးအသင်းကို သြစတြေးလျနိုင်ငံက ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ငြင်းပယ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ကြိုဆိုလိုက်ပါတယ်။

ခွန်နောင်မြင့်ဝေဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ချိတ်ဆက်လုပ်ကိုင်နေသူဖြစ်တယ်လို့ ပြောပါတယ်။

MEC ကို သြစတြေးလျနိုင်ငံက ဖေဖော်ဝါရီလမှာ စီးပွားရေးအရ ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

ရှမ်းယူနိုက်တက် ဘောလုံးအသင်း Facebook လူမှုကွန်ရက်မှာတော့ သူတို့အသင်းဟာ မက်ခ်အာသာအသင်းနဲ့ AFC ဖလားပွဲကစားဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေပြီလို့ ဖော်ပြထားပါတယ်။

အစောတုန်းကတော့ ရှမ်းယူနိုက်တက်အသင်းဟာ AFC ဖလား အုပ်စုပွဲစဉ်အဖြစ် ဩစတြေးလျနိုင်ငံမှာ မက်အာသာအသင်းနဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ ကစားဖို့ရှိပါတယ်။ ဆစ်ဒနီအခြေစိုက် မက်ခ်အာသာအသင်းနဲ့ မကစားခင် သြစတြေးလျက ရှမ်းယူနိုက်တက်ဘောလုံးသင်းကို ပြည်ဝင်ခွင့် ငြင်းလိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org