မြန်မာ့ဆန်တင်ပို့မှု ၃၈ ရာခိုင်နှုန်း ကျဆင်း

မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ မနှစ်ကနဲ့နှိုင်းစာရင် ၃ဂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့သိရပါတယ်။ မနေ့ကဖြန့်ချိတဲ့ နယူးယောက်မြို့ အခြေစိုက် International Business Times နိုင်ငံတကာ စီးပွားရး အင်တာနက် အွန်လိုင်းသတင်းစာမှာ ဖော်ပြချက် အရဆိုရင် ပြီးခဲ့တဲ့ ဧပြီလကနေ အောက်တိုဘာလ အတွင်း မြန်မာနိုင်ငံကနေ နိုင်ငံခြားကိုတင်ပို့ခဲ့တဲ့ ဆန်တန်ချိန်ဟာ ၄ သိန်းခွဲပဲရှိပါတယ်။

အရင်နှစ် အဲဒီကာလအတွင်းမှာတော့ တန်ချိန် ၇ သိန်း ၃ သောင်း တင်ပို့နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်အတွင်း ဆန်တန်ချိန် ၁ သန်းခွဲလောက် တင်ပို့မယ်လို့ မြန်မာအစိုးရရဲ့ မူလခန့်မှန်းထားချက်နဲ့ အဆမတန်ကွာခြားနေပြီး အမေရိကန်စိုက်ပျိုးရေးဌာနရဲ့ ခန့်မှန်းချက်အရဆိုရင် အများဆုံးတန်ချိန် ၇ သိန်းခွဲလောက်အထိပဲ တင်ပို့နိုင်မှာဖြစ်လို့ ရည်မှန်းချက်ကို ဘယ်လိုမှ မမှီနိုင်တော့ဖူးလို့ ပညာရှင်တွေကပြောပါတယ်။

မြန်မာပြည်မှာ ရာသီဥတုဆိုးဝါးလို့ စပါးထွက်ကျဆင်းခဲ့သလို စိုက်ပျိုးရေးစံနစ်ကလည်း ခေတ်နောက်ကျနေပြီး ဆန်စက်တွေရဲ့ ကြိတ်ခွဲမှု အရည်အသွေးကလည်း ညံဖျင်းလှတယ်လို့ဆိုပါတယ်။

ဒီအတောအတွင်း ကမ္ဘာပေါ်က ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံတွေဖြစ်ကြတဲ့ အန္ဒိယနဲ့ ထိုင်းစတဲ့ နိုင်ငံတွေမှာ ဆန်တွေအမြောက်အများ ရောင်းဖို့ရှိနေတဲ့အတွက် ကမ္ဘာ့ဆန်ဈေးကွက်မှာ ပိုလျှံနေတယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းရဲ့ အစီရင်ခံစာတစောင်မှာ မြန်မာပြည်မှာ လျှပ်စစ်စွမ်းအား မလုံလောက်မှုနဲ့ လမ်းပန်းပို့ဆောင်ရေးခက်ခဲမှုစတဲ့ ပြသနာတွေကြောင့် သွားရောက်ရင်းနှီးမယ့်သူတွေ တုံ့ဆိုင်းနေကြတယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org