RCSS နဲ့ TNLA တွေ့ဆုံဆွေးနွေး

ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာလကုန်ပိုင်းကစတင်ပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တဲ့ တအာင်း လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော် RCSS/SSA တို့ကြား နှစ်ဖက် တာဝန်ရှိသူတွေရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ တအာင်း လွတ်မြောက်ရေးတပ်မတော်က ဒီနေ့ ကြေညာ ချက်ထုတ်ပြန်ပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: Kan Thar/RFA

ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာလကုန်ပိုင်းကစတင်ပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော်  TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA တို့ကြား နှစ်ဖက်တာဝန်ရှိသူတွေရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော်က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

နှစ်ဖက်တွေ့ဆုံပွဲမှာ ဆုံးဖြတ်ချက်တစ်စုံတရာ ချမှတ်နိုင်တာမရှိပေမယ့် အဆင့်မြင့်ခေါင်းဆောင်ပိုင်းတွေ အမြန်ဆုံး ဆက်လက်တွေ့ဆုံနိုင်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ TNLA ရဲ့ ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် ကပြောပါတယ်။

"ပထမအကြိမ် ပမာဏတွေ့ဆုံမှုလောက်ပဲ ပြောလို့ရတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲလမ်းကြောင်း ဖွင့်လိုက် တာပေါ့။ ဆွေးနွေးတာလည်း သိပ်ပြီးတော့ ထူးထူးခြားခြားမရှိဘူး။ သဘောတူညီချက်လည်း နောက် တစ်ကြိမ် ထပ်ပြီး တွေ့ဆုံဖို့ သဘောတူညီချက်တစ်ခုတော့ ရတာပေါ့။ နောက်တစ်ကြိမ်ကတော့ ရက်ကတော့ အတည်မပြုနိုင်ဘူးပေါ့။ အမြန်ဆုံးတွေ့ဆုံနိုင်ဖို့တော့ သဘောတူညီချက်ရတယ်။"

အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်တနေရာမှာ ပြုလုပ်ခဲ့တယ်လို့သာ သတင်းထုတ်ပြန်ပြီး နေရာအတိအကျကို ဖော်ပြထားခြင်းမရှိပါဘူး။

နှစ်ဖက်တပ်တွေကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့၂၀၁၅ ခုနှစ်နှစ်ကုန်ပိုင်းမှာ တာဝန်ရှိသူတွေ တွေ့ဆုံ ညှိနှိုင်းနိုင်ဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဘက်က ကြားဝင်ဆောင်ရွက်ပေးခဲ့ တာတွေ ရှိပေမယ့် နေရာသတ်မှတ်ချက် အဆင်မပြေတာနဲ့ နှစ်ဖက်တာဝန်ရှိသူတွေကြား တွေ့ဆုံရေးအတွက် တရားဝင် ပြောကြားချက်မရှိဘူးဆိုတဲ့ အချက်တွေကြောင့် တွေဆုံဖို့ အဆင်မပြေခဲ့တာဖြစ်ပါတယ်။

TNLA နဲ့ RCSS တို့ဟာ ရှမ်းပြည်နယ် နမ့်ခမ်း၊ နမ္မတူ၊ ကျောက်မဲ၊ နမ့်ဆန် မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေ တာဖြစ်ပြီး အခုလ ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ နမ့်ဆန်နဲ့ ကျောက်မဲမြို့နယ်အစပ်တွေမှာ တိုက်ပွဲတွေ ဖြစ် ပွားခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org