အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတွေ မလုပ်ဘူးလို့ PSLF/TNLA ကြေညာ
ရှမ်းပြည်မြောက်ပိုင်းမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့ မတရား ငွေကြေးကောက်ခံတာ၊ အကြောင်းမဲ့ဖမ်း ဆီးတာမျိုးတွေ မလုပ်ဖို့ တပ်မဟာ/တပ်ရင်းအဆင့်ဆင့်တို့ကို ညွှန်ကြားထားပြီး လူထုအပေါ် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက် မှုတွေလည်း လုံးဝမလုပ်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
-
2017-07-23 -
-
-
ရှမ်းပြည်မြောက်ပိုင်းမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့ မတရား ငွေကြေးကောက်ခံတာ၊ အကြောင်းမဲ့ဖမ်းဆီးတာမျိုးတွေ မလုပ်ဖို့ တပ်မဟာ/တပ်ရင်းအဆင့်ဆင့်တို့ကို ညွှန်ကြားထားပြီး လူထုအပေါ်အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတွေလည်း လုံးဝမလုပ်ကြောင်း ဒီကနေ့ ရက်စွဲ နဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
PSLF/TNLA အဖွဲ့အနေနဲ့ လူထုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့်မူဝါဒမျိုး လုံးဝမရှိတဲ့အတွက်ကြောင့် ပြည်သူတွေ ကိုအသိပေးတဲ့အနေနဲ့ ထုတ်ပြန် တာဖြစ်ကြောင်း PSLF/TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောပါတယ်။
"ကျနော်တို့အနေနဲ့ လူထုဝန်ထုပ်ဝန်ပိုးဖြစ်အောင် ဆပ်ကြေးကောက်ခံတာတွေမရှိဘူး ပြုလုပ်တာ လည်း မရှိဘူး၊ ကျနော်တို့ မူဝါဒလည်း မရှိဘူး၊ ဒါပေမယ့် ကျနော်တို့ဒေသမှာ စီးပွားရေးလာလုပ်တယ် အဲလိုမျိုးဆိုရင်တော့ အခွန်အတုပ်ကောက်ခံတာမျိုးတော့ ရှိတယ်"
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လာရှိုးမြို့ပေါ်မှာ TNLA နဲ့ KIA အဖွဲ့တို့က ဗုံးခွဲအကြမ်းဖက်လုပ်ဆောင်ဖို့ စီစဉ် နေတယ်လို့ အစိုးရတပ်မတော်က လက်ကမ်း စာစောင်တွေ ဝေငှခဲ့တာတွေ ရှိသလို မကြာသေးခင် ရက်ပိုင်းက သိန္နီမြို့နယ်ထဲက ကျေးရွာတချို့မှာ TNLA အဖွဲ့က ဆက်ကြေး ကောက်ခံတယ်ဆိုတဲ့ သတင်းတွေဟာလည်း လုံးဝမဟုတ်ဘူးလို့ ဗိုလ်မှူးမိုင်းအိုက်ကျော် က ငြင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် TNLA လှုပ်ရှားရာနယ်မြေတွေထဲမှာ စီးပွားရေးလာရောက်လုပ်ကိုင်သူတွေနဲ့ အဖွဲ့အစည်းတွေဆီကသာ အခွန်ငွေကောက်ခံတာ ဖြစ်ကြောင်း ပြော ပါတယ်။