အကျဉ်းသားတွေ လွတ်မယ်လို့သတင်းထွက်နေ
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အတွက် အဖမ်းခံခဲ့ထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဇွန် ၂၆ ရက် စနေနေ့ ဒီနေ့မှာ ပြန်လွှတ်ပေးမယ်လို့ သတင်း တွေ ထွက်ပေါ်လာတာကြောင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ပုသိမ် စတဲ့ မြို့တွေက အကျဉ်းထောင်တွေရှေ့မှာ မိသားစုဝင်တွေက လာစောင့်နေခဲ့ကြပါတယ်။
- 2021-06-26
-
-
-
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အတွက် အဖမ်းခံခဲ့ထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဇွန် ၂၆ ရက် စနေနေ့ ဒီနေ့မှာ ပြန်လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ပုသိမ် စတဲ့ မြို့တွေက အကျဉ်းထောင်တွေရှေ့မှာ မိသားစုဝင်တွေက လာစောင့်နေခဲ့ကြပါတယ်။
ဒီကနေ့မနက်ပိုင်းကတည်းကနေ ထောင်ဘူးဝအရှေ့တွေကနေ စောင့်နေခဲ့ကြပေမယ့် ညနေ ၄ နာရီ ထိုးတဲ့အချိန်အထိ လွတ်မြောက်လာတာ မရှိသေးပါဘူး။
ဒီနေ့ဟာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ဖြစ်ပြီး အရပ်သား ပြည်သူတွေအပေါ်မှာ ကျူးလွန်နေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို အမြန်ဆုံးရပ်ပေးဖို့နဲ့ တရားမျှတမှုအတွက် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူပေးဖို့ နိုင်ငံရေးအကျဉ်းသားများအသင်း AAPP က ထုတ်ပြန်တောင်း ဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မှတ်တမ်းတွေအရ ဇွန် ၂၅ ရက် အထိ သေဆုံးသူစုစုပေါင်း ၈၈၁ ယောက်ရှိပြီး အဖမ်းခံထားရသူပေါင်း ၅ ထောင်ကျော်ရှိနေပါတယ်။ ဒါ့အပြင် ဖမ်းဝရမ်းအထုတ်ခံထားရလို့ တိမ်းရှောင်ထွက်ပြေးနေရသူက ၁၉၀၀ ကျော် ရှိနေပါတယ်။