နော်ဝေရောက် မြန်မာမိသားစုတွေ နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမည်

နော်ဝေနိုင်ငံကိုရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဖေဖော်ဝါရီလ ၂၆ ရက် မနေ့က နော်ဝေဝန်ကြီးချုပ် Jens Stoltenberg နဲ့ အော်စလိုမြို့က အစိုးရဧည့်ဂေဟာ မှာ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေကို တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နော်ဝေနိုင်ငံရောက် မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ နော်ဝေ ဝန်ကြီးချုပ် H.E. Mr. Jens Stoltenberg တို့ တွေ့ဆုံစဉ် photo: President Office Website

နော်ဝေနိုင်ငံကိုရောက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဖေဖော်ဝါရီလ ၂၆ ရက် မနေ့က နော်ဝေဝန်ကြီးချုပ် Jens Stoltenberg နဲ့ အော်စလိုမြို့က အစိုးရ ဧည့်ဂေဟာမှာတွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေကို တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွာရေး ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့လုပ်ငန်းတွေမှာ  နော်ဝေနိုင်ငံနဲ့  ပူးပေါင်း ဆောင်ရွက်လိုတဲ့အကြောင်း ပြောကြား ခဲ့ပါတယ်။

ဒ့ါပြင် သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင်ကဏ္ဍ၊ သတင်းနည်းပညာ ကဏ္ဍတွေမှာ နော်ဝေကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နံှဖို့ ဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

နော်ဝေ ဝန်ကြီးချုပ်ကလည်း မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပြင် ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကို ဖြေရှင်းရာမှာလည်း ကူညီ ဆောင်ရွက်ပေးမယ့်အကြောင်းနဲ့ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပိုမိုပေးအပ်သွားမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက သမ္မတဦးသိန်းစိန် တည်းခိုတဲ့ ဟိုတယ်ရှေ့မှာ မနေ့ညနေက ဆန္ဒပြခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့အတူ လိုက်ပါသွားတဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းနဲ့ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်တို့က ဆန္ဒပြ ခေါင်းဆောင်နှစ်ဦးကို ခေါ်ယူတွေ့ဆုံပြီး ဆန္ဒပြရတဲ့ အကြောင်းရင်းတွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ညနေမှာ နော်ဝေးနိုင်ငံရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမယ်လို့လည်း သိရပါတယ်။

မနေ့က ဆန္ဒပြသူတွေထဲက ၂ ဦးကို သမ္မတရုံးဝန်ကြီး ဦစိုးသိန်းနဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်တို့က ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။

သမ္မတရုံးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့တဲ့ ကရင်တိုင်းရင်းသူ ဒေါ်နန့်ကြည်အေးရွှေကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ် မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org