ပြည်လုံးကျွတ် သန်းခေါင်စာရင်း ၁၂ ရက်အတွင်း အပြီးကောက်ယူမည်
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူ မှုမှာ ပညာရေးဝန်ကြီးဌာန လက်အောက် မှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမဦးရေ ၁၂၀,၀၀၀ အကူအညီနဲ့ ၁၂ ရက်အတွင်း အပြီးကောက်ယူသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက RFA ကိုပြောပါတယ်။
-
2013-07-21 -
-
-
၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူ မှုမှာ ပညာရေးဝန်ကြီးဌာန လက်အောက် မှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမဦးရေ ၁၂ဝ,ဝဝဝ အကူအညီနဲ့ ၁၂ ရက်အတွင်း အပြီးကောက်ယူသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက RFA ကိုပြောပါတယ်။
သန်းခေါင်စာရင်း ကောက်ယူရာမှာ အစိုးရရုံးတွေ သွားရောက်ဖွင့်လှစ်နိုင်ခြင်း မရှိသေးတဲ့ ဝ အထူးဒေသအပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ လူဦးရေစာရင်းကို ကောက်ယူသွားဖို့ ရှိနေတယ်လို့ ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။
ဒါ့အပြင် ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသားတွေလည်း ဒီတစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူမှုမှာ ထည့်သွင်းကောက်ယူသွားမယ်လို့ သိရပါတယ်။