မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်း

မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခ ဖြစ်ပွားနေတဲ့နိုင်ငံတွေမှာ တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နှစ်သစ်ကူးနေ့ ဆုတောင်းပွဲမှာ ဆုတောင်းပေးခဲ့ပါတယ်။

၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က စိန့်ပီတာရင်ပြင်တွင် ကျင်းပသည့် ဆုတောင်းပွဲအတွင်း မိန့်ခွန်းပြောကြားနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်။ AFP

မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခ ဖြစ်ပွားနေတဲ့နိုင်ငံတွေမှာ တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နှစ်သစ်ကူးနေ့ ဆုတောင်းပွဲမှာ ဆုတောင်းပေးခဲ့ပါတယ်။

စိန့်ပီတာရင်ပြင်မှာ ဇန်နဝါရီ ၁ ရက်နေ့ကပြုလုပ်တဲ့ ဆုတောင်းပွဲမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာ၊ ယူကရိန်း၊ ဂါဇာ၊ အစ္စရေး စတဲ့နိုင်ငံတွေအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့တာလို့ The Vatican News က ဖော်ပြပါတယ်။

ပဋိပက္ခ ဖြစ်ပွားနေတဲ့ နိုင်ငံဒေသတွေမှာ ညိနှိုင်းဆွေးနွေးရေး ဆောင်ရွက်နေကြသူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပုပ်ရဟန်မင်းကြီးက မိန့်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆုတောင်းပွဲမှာ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေရဲ့ ကြွေးမြီးတွေကို ပယ်ဖျက်ဖြေလျော့ပေးကြဖို့လည်း ကမ္ဘာ့ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီးက တောင်းဆိုခဲ့ပါတယ်။

စိန့်ပီတာရင်ပြင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကကျင်းပတဲ့ ဆုတောင်းပွဲမှာလည်း မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ခရစ္စမတ်မတိုင်ခင် အပစ်အခတ်ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီးက မကြာခဏ ဆုတောင်းပေးလေ့ ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org