မုံရွာသတင်းထောက်နှစ်ဦး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံရ
စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အမျိုးသမီး သတင်းထောက် နှစ်ဦးကို တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ မုံရွာမြို့မရဲစခန်းက အမှုဖွင့်ပြီး ဒီနေ့မနက် ၁၀ နာရီခန့်က အာမခံနဲ့ ပြန်လွှတ်လိုက်ပါတယ်။
- 2021-02-25
-
-
-
စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အမျိုးသမီး သတင်းထောက် နှစ်ဦးကို တပ်မတော်အပေါ် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ မုံရွာမြို့မရဲစခန်းက အမှုဖွင့်ပြီး ဒီနေ့မနက် ၁၀ နာရီခန့်က အာမခံနဲ့ ပြန်လွှတ် လိုက်ပါတယ်။
သူတို့နှစ်ဦးကို တစ်ယောက် ငွေကျပ်သိန်း ၅၀ စီ အာမခံနဲ့ ပြန်လွှတ်လိုက်တာလို့ စစ်ကိုင်းတိုင်းဒေသကြီး သတင်းသမားများကွန်ရက် တာဝန်ခံ ကိုအောင်ကိုလတ်က ပြောပါတယ်။
"တစ်ယောက်ကို ငွေ သိန်း ၅၀ နဲ့ အာမခံပေးပြီး ပြန်လွှတ်ပေးလိုက်တာ။ အမှုကိုတော့ ပြန်မရုပ်သေးဘဲနဲ့ အာမခံနဲ့ ပြန်လွှတ်ပေးတဲ့သဘောပဲ။ ရုံးချိန်းကိုလည်း ဘယ်နေ့ဘယ်ရက်ကို ပြန်ချိန်းတယ်ဆိုတာကိုလည်း မသိရသေးဘူး။ ပြန်ပြီးတော့ အကြောင်းကြားမယ်လို့တော့ ပြောတယ်။"
ဖေဖော်ဝါရီ ၂၂ ရက်နေ့ညက မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက်မှာ မသင်္ကာဖွယ်ရာ လူတစ်ဦးကို ရပ်ကွက်နေ ပြည်သူတွေက စစ်ဆေးနေတဲ့ ဗီဒီယိုရုပ်သံတစ်ခုနဲ့ ပတ်သက်လို့ မုံရွာမြို့ အခြေစိုက် MCN TV NEWS သတင်းဌာနက သတင်းထောက် မတင်မာဆွေ နဲ့ The Voice သတင်းဌာနက သတင်းထောက် မခင်မေစန်းတို့ နှစ်ဦးဟာ သတင်းမေးမြန်းဖို့ဆိုပြီး ဖေဖော်ဝါရီလ ၂၄ ရက် မနေ့က မနက်ပိုင်းမှာ မုံရွာမြို့မရဲစခန်းဆီ သွားခဲ့တာဖြစ်ပါတယ်။
ပုဒ်မ ၅၀၅(က)ဟာ အမြင့်ဆုံး ထောင်ဒဏ် ၂နှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။