အမ်းမှာ စစ်အာဏာသိမ်းအစိုးရကို ဆန္ဒပြသူ ခြောက်ဦး ဖမ်းဆီးခံထားရ

ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနေ့က နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင် ဆန္ဒပြသူ ခြောက်ဦး ဖမ်းဆီးခံထားရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မမိုင်ခင်ရတနာမျိုးလှိုင် က RFA ကိုပြောပါတယ်။

စစ်အာဏာရှင်စနစ်ကျရှုံးရေး ရခိုင်ပြည်နယ် အမ်းမြို့မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဆန္ဒပြခဲ့စဉ်

ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနေ့က နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင် ဆန္ဒပြသူ ခြောက်ဦး ဖမ်းဆီးခံထားရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မမိုင်ခင်ရတနာမျိုးလှိုင် က RFA ကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေဟာ မရတနာအောင်၊ ဒေါ်ပုမ၊ ဦးအောင်ငြိမ်း၊ မောင်သက်ဝေဦး၊ မစိုးကလျှာထွန်း၊ ဒေါ်ပုပုတို့ဖြစ်ပါတယ်။

ဆန္ဒပြလို့အပြီးမှာ ရဲက ဖမ်းဆီးသွားတာဖြစ်ပြီး အခုလက်ရှိ တခြားပူပေါင်းပါဝင်သူတွေပါ ရဲက လိုက်လံရှာဖွေ နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေရှိတယ်လို့လည်း ပြောပါတယ်။

"စစ်အာဏာရှင်စနစ်အလိုမရှိ၊ ဒီမိုကရေစီရရှိရေး၊ သပိတ်မှောက်မှောက်" စတဲ့ အချက်တွေနဲ့ လူဦးရေ ၁၀၀ ကျော် ဆန္ဒပြခဲ့ကြတာပါ။ ဒီနေ့မှာတော့ အမ်းမှာ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လက်ရှိအချိန်အထိ မရှိသေးပါဘူး။

ဆန္ဒပြသူတွေကို ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ အမ်းမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org