PNO ပါတီသိက္ခာ ထိခိုက်စေမှု ဆန္ဒပြသူ ၂ ဥၤီး အတိုင်ခံရ
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ လယ်ယာမြေတွေ သိမ်းယူထားတဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့သူတွေထဲက ၂ ဦးဟာ ပအို့ဝ်တိုင်းရင်းသားတွေကို သွေးထိုးလှုံ့ဆော်တယ် ဆိုပြီး ပအိုင်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီက ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ထံ စာပေးပို့တိုင်ကြားထား တယ်လို့ သိရပါတယ်။
-
2015-01-17 -
-
-
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ လယ်ယာမြေတွေ သိမ်းယူထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ သူတွေထဲက ၂ ဦးဟာ ပအိုဝ်းတိုင်းရင်းသားတွေ ကို သွေးထိုးလှုံ့ဆော်တယ်ဆိုပြီး ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO ပါတီက ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ထံ စာပေးပို့တိုင်ကြားထားတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး တိုင်ကြားခံရသူ အမျိုးသားဒီမို ကရေစီအဖဲ့ွချုပ် တောင်ကြီးခရိုင် အတွင်းရေးမှူး ဦးတင်မောင်တိုးက အဲ့ဒီဆန္ဒပြပွဲမှာ ပအိုဝ်းတိုင်းရင်း သားတွေကို သွေးထိုးလှုံ့ဆော်တာတွေအပြင် PNO ပါတီ ဂုဏ်သိက္ခာကိုပါ ထိခိုက်အောင်လုပ်တယ်ဆိုပြီး သူနဲ့ ရှမ်းပြည်နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖဲ့ွအစည်းက ဦးနေမျိုးတို့ကို တိုင်ကြား တာဖြစ်တယ်လို့ ပြောပါတယ်။
"ကျနော်နဲ့ ကိုနေမျိုးနဲ့ကပေါ့နော် ဒီသူတို့ ပအိုဝ်းတိုင်းရင်းသားတွေကို သွေးခွဲတယ်ပေါ့၊ သူတို့ပါတီဂုဏ် သိက္ခာ ကျဆင်းအောင်လုပ်တယ်ဆိုပြီးတော့ သူကအဲ့ဒါလေ ဆန္ဒဖော်ထုတ်မှုကို ကန့်ကွက်တယ်ဆိုပြီး စာတင်တာ၊ ဆန္ဒပြပွဲပြီးတော့ ကျနော်တို့ ၂ ယောက်က ဦးဆောင်တာမဟုတ်ဘူးခင်ဗျ၊ ကျနော်တို့မှာ လည်း နိုင်ငံရေးနဲ့ပတ်သက်လို့ အမြတ်ထုတ်စရာလည်းမရှိဘူး၊ ဆန္ဒပြပွဲကိုလုပ်တာဟာ ပအိုဝ်းဒေသ ခံတွေ မြေယာအသိမ်းခံရသူတွေပါတဲ့ ကော်မတီရှိတယ်၊ ကျနော်တို့ ၂ ယောက်က ဦးဆောင်တယ် ဆိုတာလည်း မဟုတ်ပါဘူး၊ ကျနော်တို့က ဒီမြေသိမ်းထားတာ မဟုတ်မမှန်ပဲနဲ့ စွပ်စွဲဆိုလည်း ကျနော်တို့ ဥပဒေအရရင်ဆိုင်လို့ရတယ်"
ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ် ၅ ခုမှာ PNO အဖွဲ့က ၁၉၉၃ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အတွင်း သိမ်းဆည်းထား တဲ့ မြေဧကပေါင်း ၃၃ဝဝ ကျော် ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီလယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် ဟိုပုံး၊ တောင်ကြီး၊ ရပ်စောက်၊ ပင်လောင်း၊ ဆီဆိုင်မြို့နယ်တွေ က မြေသိမ်းခံရသူ လယ်သမား ၄ဝဝ ကျော်က ဒီဇင်ဘာလ ၈ ရက်နေ့က PNO ရုံးရှေ့မှာ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။