ချင်းတွင်းမြစ်မှာ စစ်ကောင်စီရေယာဉ်နဲ့ PDF တို့ တိုက်ပွဲဖြစ်
စစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆင်းလာတဲ့ စစ်ကောင်စီပိုင် ကျောက်စိမ်းတင် ရေယာဉ်နဲ့ ကနီမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့တို့ ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ ကာကွယ်ရေးတပ်သားတွေဘက်က သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-12-10
-

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကနီနယ်အစပ်မှာ မနက်ကတည်းက တိုက်ပွဲဖြစ်နေကြတာ။ စစ်ကောင်စီဘက်က ၂၀ လောက် သေနိုင် တယ်။ ကာကွယ်ရေးဘက်က သုံးယောက်လောက်တော့ ဒဏ်ရာရလာတယ်။ ရေယာဉ်က ကိုယ်ထည်က မြုပ်နေပြီ။ ဦးပိုင်းပဲ ရေပေါ်မှာပေါ်တော့တယ်။ အခုကတော့ ကာကွယ်ရေးတပ်သားတွေဘက်က ပြန်ဆုတ် သွားကြပြီ"
စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေ အသေးစိတ်ကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး သလို ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆင်းလာတဲ့ စစ်ကောင်စီပိုင် ကျောက်စိမ်းတင် မော်တော်ယာဉ်ဟာ လမ်းတလျှောက်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မှာ စစ်ကောင်စီတပ်သားတွေဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် မြစ်ကမ်း အနီးက မိကျောင်းတွင်းနဲ့ ကင်းကျေးရွာက ဘာသာရေးအဆောက်အအုံတွေ အပါအဝင် လူနေအိမ်တွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။