အယ်လ်နီညို ရာသီဥတုဘေး ကာကွယ်ရေး လွှတ်တော်မှာ အလေးထားဆွေးနွေး
အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာ မယ့်ဆိုးကျိုးတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုတင်ကာကွယ်နိုင်ဖို့ ပြင်ဆင်နေချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ကြိုတင် ကာကွယ်ရေး စီမံချက်တွေကို တာဝန်ကျေသဘောနဲ့ သာ ဆောင်ရွက်နေမယ်ဆိုရင် ဆုံးရှုံးမှုများ မှာဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ဒီနေ့ နေပြည်တော် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။
-
2016-02-23 -
-
-
Your browser doesn’t support HTML5 audio
အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုတင်ကာကွယ်နိုင် ဖို့ ပြင်ဆင်နေချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ကြိုတင်ကာကွယ်ရေး စီမံချက်တွေကို တာဝန်ကျေသဘော နဲ့သာ ဆောင်ရွက်နေမယ်ဆိုရင် ဆုံးရှုံးမှုများမှာဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ဒီနေ့ နေပြည်တော် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ကြိုတင် ကာကွယ်ရေးအတွက် အစိုးရဌာန ဆိုင်ရာအဆင့်ဆင့် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတဲ့ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ မောင်သင်းရဲ့အရေးကြီးအဆိုကို ကိုယ်စားလှယ် ၁၄ ဦး ဆွေးနွေးရာမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက အခုလိုဆွေးနွေးခဲ့ပါတယ်။
"ပြင်းထန်တဲ့ အယ်လ်နီညိုရာသီဥတု နောက်ဆက်တွဲဆိုးကျိုးကိုခံစားရနိုင်တဲ့ ကျနော်တို့အရှေ့တောင်အာ ရှနိုင်ငံတွေ၊ အာရှနိုင်ငံနဲ့ နိုင်ငံအသီးသီးဟာ ဖြစ်ပေါ် လာနိုင်တဲ့အရာတွေကို ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ NGO၊ INGOတွေနဲ့ ပေါင်းစပ်ပြီးမှ နိုဝင်ဘာ၊ ဒီဇင်ဘာတည်းက သူတို့နိုင်ငံ အသီးသီးမှာ ကော်မတီတွေအသီးသီး၊ ဗဟိုကော်မတီတွေဖွဲ့ပြီး ဆောင်ရွက်နေပြီဆိုတာကို သူတို့နိုင်ငံရဲ့သတင်းဌာနတွေမှာ ဖော်ပြပြီးဖြစ်ပါတယ်၊ ကျနော် တို့ မြန်မာနိုင်ငံမှာလည်း ဘယ်လိုရင်ဆိုင်ဖြေရှင်းမယ်ဆိုတဲ့ အစီအမံတွေကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကလည်း စီမံချက်တွေရေးဆွဲပြီးပါပြီ၊ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ အဲ့ဒီစီမံချက်တွေကဖိုင်တွဲမှာပဲ ရှိနေတယ်၊ တစ်ကယ်လက်တွေ့သုံးစွဲနိုင်ခြင်း မရှိပါဘူး၊ အယ်လ်နီညိုရာသီဥတု နောက်ဆက် တွဲဆိုးကျိုးတွေက ၆ လလောက်ကြိုတင်ပြီးတော့ ကြေညာထားပြီးသားပါ၊ ဒီလိုကြိုတင်သတိပေးထားပါ လျက်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက စာရွက်ပေါ်က စီမံချက်လောက်နဲ့ တာဝန်ကျေလုပ်နေမယ် ဆိုရင် အဖွဲ့စည်းအသီးသီး ပူးပေါင်းဆောင်ရွက်မှု၊ ကြိုတင်ဆောင်ရွက်မှုတွေ မလုပ်လောက်ခဲ့ဘူးဆိုရင် ကျနော် တို့တွေရဲ့ဆုံးရှုံးမှု ပမာဏာဟာဒီထက်ပိုပြီး ကြီးမားလာနိုင်ပါတယ်"
ကိုယ်စားလှယ်တွေဟာ အယ်လ်နီညိုကြောင့် ရေရှားပါးမှု၊ မီးလောင်မှု၊ စားနပ်ရိက္ခာ ပြတ်လပ်မှု၊ လျှပ်စစ် မီးလျှော့နည်းရရှိမှု၊ လူ နဲ့ ကျွဲ၊ နွား သေဆုံး မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုတွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာ သစ်ခုတ်ယူမှုတွေများပြားနေတာကြောင့် ပိုမိုပြင်းထန် လာတာ ဖြစ်ကြောင်းလည်း ဆွေးနွေးကြပါတယ်။
အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ အနေနဲ့ ပြည်တွင်း ပြည်ပ ပညာရှင်တွေ၊ အရပ် ဖက်လူမှုအဖွဲ့အစည်းတွေ ပါဝင်တဲ့ ဗဟိုကော်မတီတစ်ရပ် ဖဲ့ွစည်းဖို့လည်း အကြံပြုဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအရေးကြီးအဆိုကို ကိုယ်စားလှယ် ၂၂ ဦးက ပါဝင်ဆွေးနွေးဖို့ အမည်စာရင်း ပေးထားတာဖြစ်ပြီး ကျန်တဲ့ ကိုယ်စားလှယ် ၈ ဦးနဲ့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေက မနက်ဖြန် ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။
ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးချက်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။