ပဲရစ် အကြမ်းဖက်မှု မြန်မာ လူငယ်တွေ ရှုတ်ချ


2015.11.15
paris-ygn-620.jpg ပဲရစ်မြို့မှာ အကြမ်းဖက်သမားတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ပြင်သစ်သံရုံးရှေ့မှာ ဆုတောင်းပွဲ ပြုလုပ်ကြစဉ်
Photo: Kyaw Zaw Win/ RFA

နိုဝင်ဘာလ ၁၃ ရက်နေ့ သောကြာနေ့ညက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အကြမ်းဖက်သမားတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ညနေက ရန်ကုန်မြို့ ပြင်သစ်သံရုံးရှေ့မှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံက လူငယ်တွေစုပေါင်းပြီး ရန်ကုန်မြို့ ၊ ပြည်ထောင်စုရိပ်သာလမ်းက ပြင်သစ်သံရုံးရှေ့မှာ ပန်းစည်းတွေချပြီး ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။

အကြမ်းဖက်မှုမှန်သမျှကို လက်မခံနိုင်ကြောင်း ပြင်သစ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကို ရှုတ်ချကြောင်း ဆုတောင်းပွဲမှာပါဝင်တဲ့ မဂျုဂျုသန်းက ပြောပါတယ်။

"အကြမ်းဖက်တယ်ဆိုတာကတော့ ဘယ်ဘာသာ၊ ဘယ်ယဉ်ကျေးမှု၊ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှာမှ လက်သင့်မခံနိုင်တဲ့ အကြောင်းအရာပဲပေါ့နော်၊ ညီမတို့ အကြမ်းဖက်တာကို လက်မခံနိုင်ပါဘူး ရှုတ်ချပါတယ်၊ ဘာသာတရားကို တကယ်သိပြီး တကယ်ယုံကြည်ပြီး တကယ်ကျင့်သုံးခဲ့မယ်ဆိုရင်က အထွေအထူးပြောစရာ မလိုဘူးပေါ့နော်၊ ဘာသာတရားတွေကို လေ့လာကြည့်လိုက်လို့ရှိရင် ဘယ်ဘာသာမှ အကြမ်းဖက်မှု မသွန်သင်ဘူး မဆုံးမထားပါဘူးပေါ့"

ဒီနေ့ဆုတောင်းပွဲကို  ရန်ကုန်မြို့က လူငယ်တွေ စုပေါင်းပြီးပြုလုပ်တာပါ။ နှင်းဆီပန်းတွေ သံရုံးရှေ့မှာချပြီး ဖယောင်းတိုင်တွေထွန်းပြီး ဆုတောင်းခဲ့ကြတာဖြစ်ပါတယ်။

ပြင်သစ်သံရုံးရှေ့ဆုတောင်းပွဲကို လူငယ် ၂၀ ကျော် ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။