အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၄၀၀ ကျော်ရှိလာ

အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၄၀၀ ကျော်ရှိနေပြီလို့ CDM မှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြုစုထားတဲ့ စာရင်းဇယားကို RFA ကို ပေးပို့လာပါတယ်။

၂၀၂၁၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၄၀၀ ကျော်ရှိနေပြီလို့ CDM မှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် တွေက ပြုစုထားတဲ့ စာရင်းဇယားကို RFA ကို ပေးပို့လာပါတယ်။

မတ်လ ၇ ရက်နေ့ ညပိုင်းအထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ CDM ရဲဝန်ထမ်း ၄၀၁ ဦးရှိပြီလို့ ဆိုပါတယ်။

ရဲတပ်သား၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီး၊ ဒုရဲမှူး၊ ရဲအုပ်၊ ယာယီရဲမှူး အဆင့်ရှိသူတွေ ဖြစ်ပါတယ်။

ရန်ကုန်၊ ဧရာဝတီ၊ နေပြည်တော်၊ မန္တလေး၊ ကချင်၊ ချင်း၊ ရခိုင်၊ မကွေး၊ ပဲခူး၊ ရှမ်း၊ ကယား၊ တနင်္သာရီ၊ မွန် အစရှိတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးကနေ ပါဝင်လာတာဖြစ်ပါတယ်။

မတ် ၆ ရက်နေ့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ လှိုင်သာယာမြို့နယ်၊ အမှတ် (၉) လုံခြုံရေး တပ်ဖွဲ့ အမှတ် (၃) တပ်ခွဲမှာ တပ်ခွဲမှူး တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ် ဝင်းသန်းထွန်းက ပြည်သူ့အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့် ရဲတပ်ဖွဲ့ဟာ လက်ရှိမှာ ပြည်သူ့ အသက် အိုးအိမ်ကို ဖျက်ဆီးနေပြီး ပြည်သူက အပ်နှင်းတဲ့ လက်နက်နဲ့ လုပ်ပိုင်ခွင့်ကိုသုံးပြီး ပြည်သူ့ကို သတ်နေတဲ့ အတွက် လက်ရှိအဖွဲ့အစည်းမှာ တာဝန်မထမ်းဆောင်နိုင်တော့လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာတာလို့ ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org