ဆီတင်သင်္ဘော မီးလောင် သေဆုံးမှုရှိ
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှိုင်မြစ်ကမ်းမှာ ရပ်နားထားတဲ့ စစ်တပ်ပိုင် မြဝတီ ထရေးဒင်း ကုမ္ပဏီရဲ့ ဆီတင်သင်္ဘောပေါ်မှာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက မီးလောင်ပေါက်ကွဲခဲ့ပြီး အနည်းဆုံးလူ ၄ ဦး သေဆုံးမှုရှိတယ်လို့ စုံစမ်းသိရပါတယ်။
-
2013-02-04 -
-
-
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှိုင်မြစ်ကမ်းမှာ ရပ်နားထားတဲ့ မြဝတီ ထရေးဒင်း ကုမ္ပဏီရဲ့ ဆီတင်သင်္ဘော မီးလောင်နေတာကို မီးသတ်သမားများက ကြိုးစားငြိမ်းသတ်နေပုံ
Photo: RFA/Kyaw Zawe Win
Your browser doesn’t support HTML5 audio
အဲဒီ ဆီတင်သဘောၤပေါက်ကွဲမှုဟာ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ဖြစ်ပွားတာဖြစ်ပြီး ဒီကနေ့ ညနေ ၅ နာရီမှာ စတင်ပေါက်ကွဲ လောင်ကျွမ်းခဲ့တာပါ။
ပေါက်ကွဲသံဟာ ကျယ်လောင်လွန်းတာကြောင့် အနီးအနားက ရန်ကုန်မြို့ဒေသခံတွေအကြား အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။ ဆီတင်သဘောၤပေါ်မှာ တန်ချိန်ဘယ်လောက် တင်ဆောင်ထားသလဲနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေကိုတော့ RFA က ဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ သတင်းယူနေတဲ့ RFA သတင်းထောက် ကိုမိုးသူအောင်ကို RFA အဖွဲ့သား ဦးကျော်ကျော်အောင် က အခြေအနေ မေးမြန်းတင်ပြထားပါတယ်။
အသံဖိုင်နားထောင်ရန် |
|
အသံဖိုင်ယူရန်။ |