ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို တရားစွဲမှု CMP ပြုလုပ်ပြီးစီး

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦညီပုကို မတ် ၁၇ ရက် ဒီနေ့ နေ့လယ်က စစ်တွေမြို့နယ် တရားရုံးမှာ ဗွီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်ခဲ့ပြီး CMP လို့ခေါ်တဲ့ မှုခင်းစီမံခန့်ခွဲမှု ပြုလုပ်ပြီးစီးခဲ့ပြီလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကျင်းပတဲ့ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦညီပုကို မတ် ၁၇ ရက် ဒီနေ့ နေ့လယ်က စစ်တွေမြို့နယ် တရားရုံးမှာ ဗွီဒီယို အွန်လိုင်းစနစ်နဲ့ ရုံးထုတ်ခဲ့ပြီး CMP လို့ခေါ်တဲ့ မှုခင်းစီမံခန့်ခွဲမှု ပြုလုပ်ပြီးစီးခဲ့ပြီလို့ အမှုကို လိုက်ပါဆောင်ရွက် ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။

လာမယ့် မတ် ၃၁ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပြီး အဲဒီနေ့မှာ တရားလိုနဲ့ တရားလိုပြသက်သေတွေကို စစ်ဆေးသွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်း (ခေါ်) ဦးငြိမ်းချမ်းက ပြောပါတယ်။

အဲဒီအမှုမှာ တရားလိုအပါအဝင် တရားလိုပြသက်သေ ငါးဦးပါရှိတယ်လို့ သိရပါတယ်။

ဦးညီပုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညက တပ်မတော်သားတွေနဲ့ ရဲတွေက လာရောက်ဖမ်းဆီသွားတာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်တွေမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုလုပ်ပြီး နိုင်ငံတော် ကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့်ခံလိုက်ရတာပါ။

အခုလက်ရှိ ဦးညီပုကို စစ်တွေတပ်နယ်ထဲမှာပဲ ထိန်းသိမ်းထားပြီး ကျန်းမာရေးအခြေအနေ ကောင်းတယ်လို့ လည်း ရှေ့နေကပြောပါတယ်။

ဦးညီပု တရားစွဲခံထားရတဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဟာ ထောင်ဒဏ် နှစ်နှစ် အထိ ချမှတ်ခံရနိုင်တဲ့ ဥပဒေပုဒ်မဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org