မြန်မာကို မြောက်ကိုရီးယား ပဲ့ထိန်းဒုံးပျံရောင်းချ

မြောက်ကိုရီးယားအစိုးရဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့ချက်တွေကို ရှောင်ကျဉ်ပြီး တားမြစ်ပစ္စည်းတွေ ရောင်းချမှုကနေ ပြီးခဲ့တဲ့နှစ်အတွင်း ဝင်ငွေအဖြစ် ကန် ဒေါ်လာ သန်း ၂ဝဝ နီးပါး ရရှိခဲ့ကြောင်းနဲ့ မြန်မာအစိုးရကို အမြင့်ပျံပဲ့ထိန်းဒုံးပျံတွေ ရောင်းချတဲ့ အထောက်အထားတွေ လည်း တွေ့ရှိခဲ့ရကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုက သောကြာနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းစနစ်နဲ့ပစ်လွှတ်ပြီးနောက် လမ်းကြောင်းတစ်လျှောက် အလွတ်ပျံသန်းပြီး ကျရောက်လာတဲ့ ဒုံးပျံစနစ်ကို တွေ့ရစဉ် .

မြောက်ကိုရီးယားအစိုးရဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့ချက်တွေကို ရှောင်ကျဉ်ပြီး တားမြစ် ပစ္စည်းတွေ ရောင်းချမှုကနေ ပြီးခဲ့တဲ့နှစ်အတွင်း ဝင်ငွေအဖြစ် ကန် ဒေါ်လာ သန်း ၂ဝဝ နီးပါး ရရှိခဲ့ကြောင်း နဲ့ မြန်မာအစိုးရကို အမြင့်ပျံပဲ့ထိန်းဒုံးပျံတွေ ရောင်းချတဲ့ အထောက်အထားတွေလည်း တွေ့ရှိခဲ့ရကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်ပညာ ရှင်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုက သောကြာနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနဲ့ ဆီးရီးယားနိုင်ငံတွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိက လက်နက်ရောင်းချရေး ကုမ္ပဏီဖြစ်တဲ့ KOMID (Korea Mining Development Trading Corporation) နဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာမှာ ပါရှိပါတယ်။ အဲဒီ ကုမ္ပဏီဟာ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့စာရင်းမှာ ပါဝင်ပါတယ်။ အမည်ဖော် ပြခြင်းမရှိတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုက မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားကနေ ရော့ ကက်လောင်ချာ၊ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စတဲ့ သမာရိုးကျ လက်နက်တွေအပြင် အမြင့်ပျံပဲ့ထိန်း ဒုံးပျံစနစ်ကိုပါ ဝယ်ယူခဲ့ကြောင်း ကုလ စုံစမ်းရေးအဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား သံတမန်တွေ၊ အထူးသဖြင့် ကုန်သွယ်ရေး ကိုယ်စားလှယ်တွေဟာ လက်နက်ရောင်းချရေးနဲ့ စစ်တပ်နည်းပညာရှင်တွေ အပြန်အလှန်သွားရောက်ရေးအတွက် လိုအပ်တဲ့ကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေ ကြတယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ကတော့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား လက်နက်ရောင်းဝယ်မှု တစုံတစ်ရာမရှိတော့ဘဲ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်နေကြောင်း ပြောကြားပါတယ်။

မြောက်ကိုရီးုယားနိုင်ငံဟာ ကျောက်မီးသွေး၊ သံ၊ သံမဏိစတဲ့ တွင်းထွက်ပစ္စည်းတွေကို တရုတ်၊ မလေးရှား ၊ တောင်ကိုရီးယား၊ ရုရှားနဲ့ ဗီယက်နမ်နိုင်ငံတွေကို နည်းမျိုးစုံသုံးပြီး လျှို့ဝှက်တင်ပို့ရောင်းချခဲ့တယ်လို့လည်း ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒီအတောအတွင်း ဂျာမဏီနိုင်ငံ ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ အကြီးအကဲက မြောက်ကိုရီးယားနိုင်ငံဟာ သူတို့နိုင်ငံရဲ့ နျူးကလီယာလက်နက်နဲ့ ဒုံးပျံထုတ်လုပ်ရေး အစီအစဉ်တွေအတွက် လိုအပ်တဲ့ပစ္စည်းနဲ့ နည်းပညာတွေကို ဘာလင်မြို့မှာရှိတဲ့ သံရုံးကနေ ဝယ်ယူရရှိနေတယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

ဘာလင်မှာရှိတဲ့ မြောက်ကိုရီးယားသံရုံးဟာ အဲဒီပစ္စည်းတွေကို အလွန်အမင်း များပြားစွာဝယ်ယူနေကြောင်း တွေ့ ရှိရတယ်လို့ ပြောပါတယ်။  ဒီအကြောင်းနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးအကြီးအကဲ Hans-Georg Maassen ဟန်းစ် ဂီးယိုး မေဆင် နဲ့ ဂျာမဏီ ပြည်သူ့ရုပ်မြင်သံကြားဌာန ARD တွေ့ဆုံမေးမြန်းခန်းကို တနင်္လာနေ့ ထုတ်လွှင့် ပါလိမ့်မယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org