NLD ရဲ့ ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် ထုတ်ဝေဖို့ပြင်ဆင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေနေတဲ့ ဒီလှိုင်းဂျာနယ်ကို နေ့စဉ်ထုတ်သတင်းစာအဖြစ် ထုတ်ဝေတော့မယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒီဇင်ဘာလ ၃ဝ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ ပုလဲသီရိတိုက်ခန်းက ဒီလှိုင်းဂျာနယ် ရုံးခန်းဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

2012.12.30
dwave_305 ၂၀၁၂ ၁၂ လပိုင်း ၃၁ ရက် တနင်္လာနေ့ထုတ် အတွဲ(၁)၊ အမှတ်(၅၀)ဒီလှိုင်းဂျာနယ်ပုံ
Photo: RFA/Zarni Phyo Wai

ဒီလှိုင်းဂျာနယ် သတင်းစာထုတ်တဲ့အခါမှာ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေဒီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

အပတ်စဉ်ထုတ် ဒီလှိုင်းဂျာနယ် ထုတ်ဝေတဲ့ တစ်နှစ်ပြည့်ခါနီးမှာ ပုဂ္ဂလိကသတင်းစာတွေကို အစိုးရက ထုတ်ဝေခွင့်ပေးတာကြောင့် အခုလို ထုတ်ဝေဖို့စီစဉ်တာလို့ သိရပါတယ်။

ဒီလှိုင်းဂျာနယ်ဟာ အန်အယ်လ်ဒီပါတီရဲ့ ပါတီသဘောထားတွေနဲ့ လုပ်ငန်းစဉ်တွေကို ရေးသားဖော်ပြနေတဲ့ အပတ်စဉ်ထုတ်ဂျာနယ်ဖြစ်ပြီး သတင်းစာထုတ်ဝေတဲ့အခါ သတင်းစာတွေရဲ့ အင်္ဂါရပ်နဲ့အညီထုတ်ဝေသွားမယ်လို့ သိရပါတယ်။

ဒီလှိုင်းဂျာနယ်ကို နေ့စဉ်ထုတ်သတင်းစာအဖြစ် ပြောင်းလဲထုတ်ဝေဖို့ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်ကို RFA သတင်းထောက် မအိအိခိုင်က မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။