သမ္မတအိမ်တော် သတင်းယူခွင့် သတင်းထောက် ၄၅ ဦးကို ခွင့်ပြု

နိုင်ငံတော်သမ္မတအိမ်တော်မှာ မနက်ဖြန် ဧပြီလ ၁ ရက်နေ့ကစပြီး ပြည်တွင်း၊ ပြည်ပ သတင်းထောက် ၄၅ ဦး သတင်းရယူခွင့်ရှိ မှာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ပုံ photo: President Office Website

နိုင်ငံတော်သမ္မတအိမ်တော်မှာ မနက်ဖြန် ဧပြီလ ၁ ရက်နေ့ကစပြီး ပြည်တွင်း၊ ပြည်ပ သတင်းထောက် ၄၅ ဦး သတင်းရယူခွင့်ရှိမှာဖြစ်ပါတယ်။

သမ္မတအိမ်တော်မှာ သတင်းယူဖို့အတွက် လျှောက် ထားသူ ၅၄ ဦးထဲက ၄၅ ဦးကို စိစစ်ပြီး လက်ခံလိုက် တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

"သတင်းယူချင်တယ်ဆိုရင် ဘယ်သူ့ကိုမှ ကန့်သတ် ချက်မထားပါဘူး၊ စည်းမျဉ်းစည်းကမ်းချက်နဲ့ ညီတယ် ဆိုရင် ပေးလိုက်တယ်၊ အဲ့မှာစိတ်ဝင်စားတဲ့ မီဒီယာက ၅၄ ခုရှိတယ်၊ ပြည်တွင်းပြည်ပ ရုပ်သံရေဒီယိုပေါ့နော်၊ အဲ့ကနေပြီးတော့လျှောက်တယ်၊ ၉ ယောက် ၁ဝ ယောက်လောက်က အဲ့အချက်အလက်နဲ့ မပြည့်စုံလို့ ပြန်ပြီးတော့လျှောက်ထားရမယ်"

အဲဒီသတင်းထောက် ၄၅ ဦးဟာ သမ္မတအိမ်တော်မှာကျင်းပမယ့် အခမ်းအနားတွေမှာ တက်ရောက်သတင်းယူရ မှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြားသတင်းထောက် ၂၂ ဦး၊ ပြည်တွင်း သတင်းထောက် ၂၇ ဦး၊ Sky Net နဲ့ MRTV က သတင်းထောက် ၅ ဦး စုစုပေါင်း ၅၄ ဦးက လျှောက်ထားခဲ့တာဖြစ်ပါတယ်။

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို RFA သတင်းထောက် မဇာဏီထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org