မြန်မာအပါအဝင်လေးနိုင်ငံကို ခရီးသွားလာမှု နီပေါအစိုးရ သတိပေး

လူကုန်ကူးခံရတဲ့ ပြဿနာတွေရှိနေတဲ့အတွက် ခရီးသွားဖို့ စီစဉ်နေတဲ့ နိုင်ငံသားတွေသတိထားဖို့နဲ့ လိုက်နာဖို့အကြံပြုချက်တွေကို နီပေါအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

နီပေါနိုင်ငံမှာ ကျင်းပတဲ့ ဟိန္ဒူရိုးရာပွဲတစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့က တွေ့ရစဉ်။ REUTERS

လူကုန်ကူးခံရတဲ့ ပြဿနာတွေရှိနေတဲ့အတွက် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကို ခရီးသွားဖို့ စီစဉ်နေတဲ့ နိုင်ငံသားတွေသတိထားဖို့နဲ့ လိုက်နာဖို့အကြံပြုချက်တွေကို နီပေါအစိုးရက တနင်္လာနေ့က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအပါအဝင် အရှေ့တောင်အာရှလေးနိုင်ငံမှာ လူကုန်ကူးမှုနဲ့ တရားရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေသူတွေက နီပေါနိုင်ငံသားတွေကို လစာငွေပေးသွေးဆောင်ပြီး တရားမဝင်လုပ်ငန်းတွေမှာ အတင်းအကျပ်ခိုင်းစေတယ်ဆိုတဲ့ သတင်းတွေထွက်နေတယ်လို့ သတိပေးထားပါတယ်။

အလုပ်ရှင်တွေဟာ နိုင်ငံကူးလက်မှတ်တွေသိမ်းယူပြီး အလုပ်သမားတွေကို တစ်နေ့ ၁၃ နာရီအထိ အလုပ်ခိုင်းစေတာ၊ လစာမပေးတာတွေလုပ်နေတယ်လို့ ပြောထားပါတယ်။

ဒီဖြစ်ရပ်တွေအတွက် ဥပဒေနဲ့အညီ အရေးယူမှာဖြစ်ပြီး နီပေါနိုင်ငံသားတွေအနေနဲ့လည်း တရားမဝင်တဲ့ အလုပ်တွေမလုပ်ဖို့ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

နီပေါနိုင်ငံသားတွေအနေနဲ့ အလည်အပတ်ဗီဇာကိုင်ဆောင်ပြီး အလုပ်သွားမလုပ်ကြဖို့၊ အလုပ်အကိုင်တွေကိုလည်း သံရုံးတွေဒါမှမဟုတ် တရားဝင်ဌာနဆိုင်ရာတွေကနေတစ်ဆင့် စစ်ဆေးဖို့ သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org