မြိတ်ကဆန္ဒပြပွဲ ဦးဆောင်သူတချို့ရဲ့ မိသားစုဝင်တွေ ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဆန္ဒပြပွဲဦးဆောင်သူလို့ ယူဆရသူတွေရဲ့နေအိမ်တွေကို ညက ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေလုပ်ခဲ့ရာမှာ ဖမ်းဆီးလိုသူတွေကို မတွေ့တာကြောင့် အိမ်မှာရှိတဲ့ သမီးတွေ၊ သားတွေ၊ တူတွေကို ဖမ်းဆီးခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး မြိတ်မြို့မှာ ၂၀၂၁ ဖေဖော်ဝါရီ ၉ ရက်နေ့က ဆန္ဒပြခဲ့စဉ်

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဆန္ဒပြပွဲဦးဆောင်သူလို့ ယူဆရသူတွေရဲ့နေအိမ်တွေကို ညက ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေလုပ်ခဲ့ရာမှာ ဖမ်းဆီးလိုသူတွေကို မတွေ့တာကြောင့် အိမ်မှာရှိတဲ့ သမီးတွေ၊ သားတွေ၊ တူတွေကို ဖမ်းဆီးခဲ့ပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေဖြစ်တဲ့ ကိုလှမော် နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ကိုလှမော် ကို မတွေ့တာကြောင့် နေအိမ်မှာရှိတဲ့ တူဖြစ်သူကို ဖမ်းဆီးခဲ့သလို ကိုမင်းလွင်ဦး အိမ်ကိုဝင်ရောက်ရှာဖွေရှာမှာလည်း မတွေ့တာ ကြောင် သားဖြစ်သူကို ဖမ်းဆီးသွားတယ်လ့ို အမည်မဖော်လိုတဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အလားတူ ကလွင်ကျေးရွာ ရာအိမ်မှူး ဦးစံ အိမ်ကိုဝင်ရောက်ရှာဖွေရာမှာလည်း ဦးစံကို မတွေ့တာကြောင့် သမီးဖြစ်သူကို ဖမ်းဆီးသွားခဲ့ပါတယ်။

ကိုလှမော်ကိုတော့ အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၁၈၈ နဲ့ ဝရမ်းထုတ်ထားပေမယ့် ကျန်သူ နှစ်ဦးကိုတော့ ဘာကြောင့်ဖမ်းဆီးဖို့ ကြိုးစားတယ်ဆိုတာ မသိရသေးပါဘူး။

ဆန္ဒပြပွဲခေါင်းဆောင် ကိုမြတ်ကို နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေပေမယ့် ဖမ်းဆီးခံရတာတော့ မရှိဘူးလ့ ိုသိရပါတယ်။

မြိတ်မြို့မှာ ညက ကင်းစောင့်နေသူ နှစ်ဦးလည်း ဖမ်းခံရတယ်လို့ကြားရပေမယ့် အတည်ပြုလို့ မရသေးဘူး လို့လည်း ဒေသခံတွေကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org