မြေပုံမြို့မှာ အမျိုးသမီးတွေ ဆန္ဒပြ
2012.10.26

အခုလိုဆန္ဒပြတောင်းဆိုရတာနဲ့ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်အေးဝင်းကြည်က RFA ကို အခုလိုပြောပြပါတယ်။
"အခုတော့လူကြီးတွေရောက်လို့လေ ကျွန်မတို့မြို့ကလူတွေက ကုလားနဲ့ မနေနိုင်ဘူးဆိုပြီးတော့ အဲလို ဆန္ဒထုတ်ဖော်နေတာပါ။ ကုလားတွေက တော်တော်ဆိုးပါတယ်။ ကျွန်မတို့မြေပုံမှာ ဒေသခံတွေကို တော်တော်နှိပ်စက်ပြီးတော့ သူတို့တောင်ပေါ်မှာ သူတို့ကိုယ်သူတို့ မီးတိုက်ပြီးတော့ ထွက်ပြေးတာ ကျွန်မတို့ ဘာမှမလုပ်ရပါဘူးရှင်။ သူတို့တစ်ခုခုပြန်လုပ်မှာကို ကျွန်မတို့ကြောက်တယ်။ ဒါကြောင့်မို့ ကျွန်မတို့အတွက် လုံခြုံရေးများရမလားဆိုပြီးတော့ ကိုယ့်ပြည် ကိုယ့်ဒေသမှာနေပြီးတော့ ကျွန်မတို့ ဒီလိုဖိအားနဲ့ နေရမှာလား။ ဒါကြောင့်မို့ ကျွန်မတို့ လုံးဝမနေနိုင်လို့ ဒီလိုတောင်းဆိုတာပါ"
အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းက နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးအပါအဝင် အစိုးရတာဝန်ရှိသူတွေ မြေပုံမြို့ပေါ်မှာ ယာယီဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို လာရောက်ကြည့်ရှုစဉ် အခုလိုဆန္ဒပြတောင်းဆိုမှုဖြစ်ပေါ်ခဲ့တာလို့သိရပါတယ်။
မြေပုံမြို့နယ်မှာ လုံခြုံရေးစစ်တပ်အင်အားတွေ တိုးချဲ့ချထားပေမယ့် အမျိုးသမီးတွေ ဆန္ဒပြတာကို တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားတာမျိုး မရှိခဲ့ဘူးလို့လည်းသိရပါတယ်။