မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ထောင်ကနေ ပြန်လွတ်လာ

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယာဝံသာဘိဝံသဟာ ဒီကနေ့ ဇူလိုင် ၂ ရက်နေ့မှာ အိုးဘိုအကျဉ်းထောင် ကနေ ပြန်လွတ်လာပါတယ်။

မြဝတီဆရာတော် အရှင်အရိယာဝံသာဘိဝံသကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ ၂ဝ၁၉ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ရစဉ်

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်ကောင်စီကဖမ်းဆီးထားတဲ့ မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသဟာ ဒီကနေ့ ၾသဂုတ္ ၂ ရက်နေ့မှာ အိုးဘို အကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။

ဆရာတော် လွတ်လာတာ မှန်ကန်ကြောင်းနဲ့ လတ်တလောမှာတော့ သတင်းမီဒီယာတွေကိုဖြေကြားဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆရာတော်နဲ့ နီးစပ်သူတစ်ယောက်က RFA ကိုပြောပါတယ်။

ဆရာတော်ဟာ ဖမ်းဆီးခံလိုက်ရပြီးတဲ့နောက် လူဝတ်လဲခံခဲ့ရပြီး ဖေဖော်ဝါရီ ၃ ရက်နေ့မှာတော့ ယခင် ကတည်းက တပ်မတော်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၅၀၀)၊ ဆက် သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့နဲ့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ ဆက်ပြီးအမှုရင်ဆိုင်ခဲ့ရပါတယ်။

စစ်ကောင်စီက ဘာကြောင့်ပြန်လွှတ်ပေးလိုက်တယ် ရင်ဆိုင်နေရတဲ့အမှုတွေအားလုံးကို ပလပ်လိုက်တာလား ဆိုတာတွေကိုလည်း ဆရာတော်ကို မေးမြန်းခွင့်မရခဲ့ပါဘူး။

အာဏာသိမ်းပြီးတဲ့နောက် မန္တလေးမြို့က ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေအထဲက ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကတော့ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် တစ်ပြည်လုံးအတိုင်းအတာအရ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ရဟန်း၊ သံဃာတော်စုစုပေါင်း ၂၀ နဲ့အထက်ရှိတယ်လို့ ဓမ္မနဲ့ငြိမ်းချမ်းရေးအဖွဲ့က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org