ပီတန်း ကမ္ဘာ့ချန်ပီယံဆုပြိုင်ပွဲမှာ မြန်မာလက်ရွေးစင် ရွှေတံဆိပ်ရ

မြန်မာ ပီတန်းလက်ရွေးစင် မခင်ချယ်ရီသက်ဟာ အမျိုးသမီးနဲ့ အငယ်တန်း ပီတန်းကမ္ဘာ့ချန်ပီယံဆုပြိုင်ပွဲ ၂၀၂၃ ရဲ့ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က ရွှေတံဆိပ်ဆု ရခဲ့ပါတယ်။

ပီတန်း ကမ္ဘာ့ချန်ပီယံဆု ပြိုင်ပွဲ ၂၀၂၃ မှာ အမျိုးသမီး တစ်ဦးချင်း ရွှေတံဆိပ်ဆုရ မခင်ချယ်ရီသက်။ Myanmar Petanque Federation

မြန်မာ ပီတန်းလက်ရွေးစင် မခင်ချယ်ရီသက်ဟာ အမျိုးသမီးနဲ့ အငယ်တန်း ပီတန်းကမ္ဘာ့ချန်ပီယံဆုပြိုင်ပွဲ ၂၀၂၃ ရဲ့ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က ရွှေတံဆိပ်ဆု ရခဲ့ပါတယ်။

အဲဒီပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုဝင်ဘာလ ၂၃ ရက်ကနေ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ ထိုင်းပီတန်းအဖွဲ့ချုပ်က ဦးဆောင်ကျင်းပနေတာပါ။

မခင်ချယ်ရီသက်ဟာ ၂၀၁၉ ကမ္ဘာ့ချန်ပီယံ ပီတန်းပြိုင်ပွဲမှာ တတိယဆု ရခဲ့ဖူးပြီး (၃၁) ကြိမ်မြောက်နဲ့ (၃၂) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွေဟာ ရွှေတံဆိပ်ရခဲ့ဖူးသူ ဖြစ်ပါတယ်။

ပီတန်းအားကစားဟာ ဘောလုံးကိုအသုံးပြုပြီး ဂျက်ဆိုတဲ့ ပစ်မှတ်ဘောလုံးနဲ့ အနီးဆုံးရောက်အောင် ယှဉ်ပြိုင်ကစားရတဲ့ အားကစားနည်းတစ်မျိုး ဖြစ်ပါတယ်။

အခြား ပီတန်းပြိုင်ပွဲ အမျိုးအစားတွေထဲက တစ်ခုဖြစ်တဲ့ Triplet Women ပြိုင်ပွဲမှာတော့ မြန်မာအသင်းက ကွာတာဖိုင်နယ်အဆင့်ပဲ ရရှိခဲ့တယ်လို့ မြန်မာပီတန်းအဖွဲ့ချုပ်က ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org