ကုန်သွယ်မှု အထူး ခံစားခွင့် မြန်မာနိုင်ငံ ပြန်လည် ရရှိနိုင်

မြန်မာနိုင်ငံကို ကုန်သွယ်မှု အထူးခံစားခွင့် နိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ဖို့ အမေရိကန် အစိုးရကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်ရုံး USTR က ကြားနာပွဲပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

မြန်မာနိုင်ငံကို ကုန်သွယ်မှု အထူးခံစားခွင့်နိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ဖို့ အမေရိကန်အစိုးရ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်ရုံး USTR က ကြားနာပွဲပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

အမေရိကန်ဈေးကွက်မှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အကောက်ခွန်မဲ့ တင်ပို့ရောင်းချနိုင်အောင်လက်ခံသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး လာမယ့် ဇွန်လ ၄ ရက်နေ့မှာ ကြားနာပွဲတစ်ခုကျင်းပမှာဖြစ်ပါတယ်။ အဲဒီကြားနာပွဲမှာ မြန်မာနိုင်ငံအပြင် လာအိုနိုင်ငံလည်း ပါဝင်ပါမယ်။

အဲဒီလို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးခံစားခွင့် မြန်မာနိုင်ငံ ပြန်ရဖို့အတွက်လည်း မြန်မာအစိုးရဖက်က တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ် မတိုင်ခင်က မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်ဈေးကွက်မှာ အကောက်ခွန်မဲ့ တင်ပို့ရောင်းချခွင့် ရရှိခဲ့ဖူးပါတယ်။

ဒါပေမယ့် စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်တဲ့ အဓမ္မလုပ်အားပေးခိုင်းစေတာနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖေါက်မှုတွေ ရှိခဲ့တာကြောင့် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ အဲဒီအထူးအခွင့်အရေးတွေကို အမေရိကန်အစိုးရက ရပ်ဆိုင်းခဲ့တာပါ။

GSP ကုန်သွယ်မှု အထူးခံစားခွင့်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စီးပွားရေးတိုးတက်လာအောင် အဲဒီတိုင်းပြည်တွေက ကုန်ပစ္စည်းမျိုးစုံကို အမေရိကန်ဈေးကွက်မှာ အကောက်ခွန်မယူပဲ ရောင်းချခွင့်ပေးတာဖြစ်ပါတယ်။

အမေရိကန်အစိုးရက သတ်မှတ်ထားတဲ့ ဒီအစီအစဉ်မှာ ဆင်းရဲတဲ့နိုင်ငံ ၄၂ နိုင်ငံက ကုန်ပစ္စည်းအမျိုးပေါင်း ၅၀၀၀ လောက် အမေရိကန်ဈေးကွက်မှာ ရောင်းချခွင့်ပြုထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလီယမ် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org