လူကုန်ကူးမှု ဥပဒေ ပြန်ရေးမည်

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေကို ပြန်လည်ရေးဆွဲမယ်လို့ ရှန်ဟိုင်း နေ့စဉ်သတင်းက ဖော်ပြပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စက်တင်ဘာလ ၁၃ ရက်နေ့က လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ် ကျင်းပနေစဉ် photo: RFA/ Nay Thwae

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေ ကို ပြန်လည်ရေးဆွဲမယ်လို့ ရှန်ဟိုင်း နေ့စဉ်သတင်း က ဖော်ပြပါတယ်။

ဒီဥပဒေကို လွန်ခဲ့တဲ့ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလက အတည်ပြုပြဌါန်းခဲ့တာပါ။ ဒါပေမဲ့ ဥပဒေရဲ့ ကဏ္ဍတိုင်း မှာ ချို့ယွင်းချက်တွေရှိနေပြီး၊ နိုင်ငံတဝှမ်းမှာလည်း လူကုန်ကူးမှုတွေ ပိုမိုများပြားလာတာကြောင့် ပြန် လည်ရေးဆွဲမှာဖြစ်ပါတယ်။

ပြန်လည်ရေးဆွဲမယ့်ဥပဒေမူကြမ်းကို ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူတွေ ပူးပေါင်းရေးဆွဲကြမှာဖြစ်ပြီး၊ လူကုန် ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ သြစတြေးလျ အာရှ အစီ အစဉ် အဖွဲ့ကလည်း နည်းပညာ အထောက် အကူတွေ ပေးမယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝဝ၃ ခုနှစ်က လူကုန်ကူးမှု ၁ဝ၂ မှု၊ ၂ဝဝ၄ ခုနှစ်မှာ ၁ဝ၈ မှု ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်က အများဆုံးဖြစ်ပြီး၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာလည်း လူကုန်ကူးမှုတွေ များပြားလာခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်အတွင်း လူကုန်ကူးခံရသူ ၁၆၂ ဦး ကယ်တင်နိုင်ခဲ့ရာမှာ အများစုက အမျိုးသမီးတွေဖြစ်ကြပါတယ်။ အများစုဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ဇနီးမယားအဖြစ်၊ အလုပ်သမားအဖြစ်ရောင်းစားခံကြရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org