အင်ဒိုနီးရှားရောက် ကျွန်ပြုခံ မြန်မာတွေ ကို ပြန်ခေါ်ဖို့စီစဉ်

မြန်မာနိုင်ငံသားအများစုအပါအဝင် ငါဖမ်း အလုပ်သမား တစ်ထောင်ခန့် သောင် တင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံက ဘင်ဂျီနာ Benjina ကျွန်းကို ထိုင်းနဲ့ အင်ဒိုနီးရှားကိုယ်စားလှယ်အဖွဲ့တွေ ရောက်ရှိ စစ်ဆေးနေပြီး မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့တစ်ခု လည်း ရှေ့အပတ်အတွင်းသွားရောက်ကာ အဲဒီကျွန်း ကမြန်မာတွေကို ပြန်လည်ခေါ်ဆောင်ဖို့ စီစဉ်မယ်လို့ ဒီကနေ့ရတဲ့ အေပီသတင်းမှာ ဖေါ်ပြထားပါတယ်။

ထိုင်းငါးဖမ်းစက်လှေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားများကို တွေ့ရစဉ် (Photo: AFP)

မြန်မာနိုင်ငံသားအများစုအပါအဝင် ငါဖမ်းအလုပ်သမား တစ်ထောင်ခန့် သောင်တင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံက ဘင်ဂျီနာ Benjina ကျွန်းကို ထိုင်းနဲ့ အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့တွေ ရောက်ရှိစစ်ဆေးနေပြီး မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့တစ်ခု လည်း ရှေ့အပတ်အတွင်းသွားရောက်ကာ အဲဒီကျွန်းကမြန်မာတွေကို ပြန်လည်ခေါ်ဆောင်ဖို့ စီစဉ်မယ်လို့ ဒီကနေ့ရတဲ့ အေပီသတင်းမှာ ဖေါ်ပြ ထားပါတယ်။

မြန်မာတွေကို လူမှောင်ခိုသမားတွေက လှည့်ဖျား သို့မဟုတ် ဖမ်းဆီးခေါ်ဆောင်ရောင်းချပြီး ထိုင်းငါးဖမ်း သင်္ဘောတွေမှာ ကျွန်တွေသဖွယ် ရက်ရက်စက်စက် ခိုင်းစေနေကြောင်း၊ သူတို့ထဲကတချို့ကို ငါးအတင်အချ လုပ်တဲ့ အင်ဒိုနီးရှားကျွန်းတစ်ခုရဲ့ ကမ်းနားမှာ အချုပ်ခန်းတွေ နဲ့ထားကြောင်း၊ ပင်လယ်ပြင်မှာ ငါးဖမ်းစဉ် ရက်စက်စွာညှင်းပန်းခံကြရပြီး သေဆုံးတဲ့အခါ ရေထဲပစ်ချခဲ့ကြောင်း စသဖြင့် အေပီသတင်းဌာနက တစ်နှစ်ကျော်ကြာစုံစမ်းဖေါ်ထုတ်ခဲ့ပြီးနောက် တစ်ပတ်အကြာမှာ ထိုင်း၊အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတွေက အခုလိုအရေးယူဆောင်ရွက်တဲ့ သတင်းထွက်လာတာဖြစ်ပါတယ်။

မြန်မာအများစုဟာ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ကောင်းတွေရမယ်ဆိုပြီး လူပွဲစားတွေရဲ့ သွေးဆောင်မှုနဲ့ ရောင်းချခံရ ပြီးနောက် ထိုင်းတံငါသင်္ဘောတွေမှာ လုပ်ခအနည်းငယ် သို့မဟုတ် လုံးဝမရဘဲ နှစ်ပေါင်းများစွာ နားရက်မရှိ တစ်ရက်ကို နာရီ ၂ဝ ကျော် အလုပ်လုပ်နေရတယ်လို့ ဆိုပါတယ်။ အင်ဒီုနီးရှားကျွန်းမှာရှိတဲ့ မြန်မာအရေအတွက်ကို မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org