နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ၂၇ သိန်းနီးပါး ရှိလာ
နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ၂၇ သိန်းနီးပါးရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
-
RFA Burmese
2024-02-22 -
-
-
နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ၂၇ သိန်းနီးပါးရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ဖေဖော်ဝါရီ ၂၁ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ဘေးဒုက္ခသည် ၂၇ သိန်းနီးပါးမှာ ၂၄ သိန်းဟာ အာဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရသူတွေလို့ UNOCHA က ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး လူသားချင်း စာနာမှုအကူအညီပေးဖို့ ကန့်သတ်ချက် ရှိနေတယ်လို့ UNOCHA က ဆိုပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲထားလို့ နေရပ်ပြန်နိုင်သူတချို့ ရှိခဲ့ပေမယ့် စစ်ဘေးဒုက္ခသည် ၂၃,၀၀၀ နီးပါးဟာ မြို့နယ် ၁၅ မြို့နယ်မှာ ရှိနေဆဲဖြစ်တယ်လို့ ရေးသားထားပါတယ်။
UNOCHA ရဲ့ ဇန်နဝါရီလ ၁၂ ရက်အထိ စာရင်းအရ စစ်ဘေးဒုက္ခသည် ၂၆ သိန်းကျော်ရှိနေပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ စာရင်းအရ ၂၇ သိန်းနီးပါး ရှိလာတဲ့အတွက် တစ်လအတွင်း လူတစ်သိန်းနီးပါး နေရပ်စွန့်ခွာခဲ့ကြရတာ ဖြစ်ပါတယ်။