ဝါရှင်တန်ဒီစီက မြန်မာစစ်သံရုံးရှေ့မှာ အမေရိကန်ရောက် မြန်မာတွေဆန္ဒပြ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာစစ်သံရုံးရှေ့မှာ အမေရိကန်ရောက်မြန်မာ အယောက်၁၅၀ ကျော် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာစစ်သံရုံးရှေ့မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဆန္ဒပြခဲ့ကြတဲ့ အမေရိကန်ရောက်မြန်မာများ။ Photo: Saw Phoe Kwar/RFA

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာစစ်သံရုံးရှေ့မှာ အမေရိကန်ရောက်မြန်မာ အယောက်၁၅၀ ကျော် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံး လွှတ်ပေးဖို့နဲ့ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ရှုတ်ချကန့်ကွက် ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ ဆန္ဒပြသူတွေထဲမှာ စစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့အနေနဲ့ အလုပ်ထွက်လိုက်တဲ့ မြန်မာသံအရာရှိတဦးလည်း ပါဝင်ပါတယ်။

RFA သတင်းထောက် စောဖိုးခွား သတင်းပေးပို့ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org