ပဋိပက္ခတွေ တောင်ကြီးမြို့ကို မကူးစက်ရေး ကာကွယ်ရေး ကော်မတီဖွဲ့
ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဖြစ် ပွားနေတဲ့ ဘာသာရေး ပဋိပက္ခတွေ တောင်ကြီးမြို့ကို ကူးစက်ပျံ့နံှ့မလာအောင် ကာကွယ်ဖို့အတွက် လုံခြုံရေးနဲ့ သတင်းပြန်ကြားရေး ကော်မတီတစ်ရပ် ကို တောင်ကြီး NLD ပါတီက တနင်္ဂနွေနေ့ မနက်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။
-
2013-03-31 -
-
-
ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ဘာသာရေး ပဋိပက္ခတွေ တောင်ကြီးမြို့ကို ကူးစက်ပျံ့နံှ့မလာအောင် ကာကွယ်ဖို့အတွက် လုံခြုံရေးနဲ့ သတင်းပြန်ကြားရေး ကော်မတီတစ်ရပ်ကို တောင်ကြီး NLD ပါတီက တနင်္ဂနွေနေ့ မနက်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။
ဘာသာရေးကိုအခြေခံပြီး ဆူပူမှုတွေဖြစ်ပွားအောင် လှုံ့ဆော်နေတာတွေကို အချိန်မီတားဆီးနိုင်အောင် ဖွဲ့စည်းရတာဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် NLD ပါတီ ဥက္ကဌ ဦးတင်မောင်တိုး က RFA ကို ပြောပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ ကော်မတီအနေနဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အဲဒီကော်မတီမှာ တောင်ကြီးခရိုင်အတွင်းက မြို့နယ်တွေနဲ့ ရပ်ကွက်၊ ကျေးရွာတွေက NLD ပါတီ ဥက္ကဌတွေနဲ့ အလုပ်အမှုဆောင် စုစုပေါင်း ၃၄ ဦး ပါဝင်ပါတယ်။
အလားတူ ကလော၊ အောင်ပန်းနဲ့ ဟဲဟိုးမြို့နယ်တွေက NLD ပါတီဝင်တွေကလည်း အဓိကရုဏ်းတွေ မဖြစ်ပွားအောင် ကလောမြို့နယ် လုံခြုံရေးနဲ့ သတင်းပြန်ကြားရေးကော်မတီကို ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။