မြန်မာ့ ဘိန်းထုတ်လုပ်မှု ၂၃ ရာခိုင်နှုန်းအထိ ကျဆင်း

မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ အခုနှစ်မှာ ထူးထူးခြားခြား ၂၃ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ကြောင်း၊ အဲ့ဒါဟာ တစ်ဧကအထွက်နှုန်းကျဆင်းမှုနဲ့ ထိရောက်တဲ့ ဘိန်းခင်း ဖျက်ဆီးမှုတွေကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးအဖွဲ့ UNODC က ဒီနေ့ကြေညာလိုက် ပါတယ်။

ဘိန်းပင်များကို လုပ်အားပေးတစ်ဦး ဖျက်ဆီးနေသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ  အခုနှစ်မှာ ထူးထူးခြားခြား ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းသွား ခဲ့ကြောင်း၊ အဲ့ဒါဟာ တစ်ဧကအထွက်နှုန်းကျဆင်းမှုနဲ့ ထိရောက်တဲ့ ဘိန်းခင်းဖျက်ဆီးမှုတွေကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ UNODC က ဒီနေ့ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ UNODC အဖွဲ့ရဲ့ ပစိဖိတ်နဲ့အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ် စားလှယ် Jeremy Douglas က မြန်မာနိုင်ငံ ရှမ်းပြည် နယ်အရှေ့ပိုင်းနယ်စပ် ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသဖြစ်နေသေးတယ်လို့လည်း ပြောသွား ပါတယ်။

မြန်မာနိုင်ငံမှာ ရှစ်နှစ်အတွင်း  ဘိန်းအထွက် အနည်းဆုံး ဖြစ်သွားပေမဲ့ ဘိန်းစိုက်ပျိုးမှုဧရိယာကတော့ မပြောင်းလဲဘဲ စိုက်ပျိုးမှုအများဆုံးနိုင်ငံအဖြစ် ရှိနေပါသေး တယ်လို့လည်း ပြောပါတယ်။

UNODC ရဲ့ အစီရင်ခံစာမှာ မြန်မာနဲ့လာအို နှစ်နိုင်ငံပေါင်း ဘိန်းစိုက်ဧရိယာကို တင်ပြထားပါတယ်။ နှစ်နိုင်ငံပေါင်း လိုက်ရင် ဒီနှစ်ဘိန်းစိုက်ပျိုးမှုအကျယ်အဝန်းဟာ ဟက်တာ ခြောက်သောင်းသုံးထောင်ကျော်ရှိပြီး မနှစ်ကစိုက်ပျိုးတာ ထက်ပိုများတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံပေါင်း ဘိန်းဖြူထုတ်လုပ်မှုဟာ ဒီနှစ်မှာ မက်ထရစ်တန်ချိန် ၇၆ ရှိတယ်လို့ သိရပါတယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ် မှုများနေတာဟာ ဒေသတွင်း နိုင်ငံတွေချိတ်ဆက်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက် နိုင်ဖို့ ပြင်ဆင်နေတာတွေကိုလည်း ဆိုးကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်လို့ UNODC ကသတိပေးပြောကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org