မြန်မာဓာတ်ပုံသတင်းထောက် ပြင်သစ်ဓာတ်ပုံပွဲတော်ဆု ဆွတ်ခူး

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ကျင်းပတဲ့ "Visa Pour L'Image" ဓာတ်ပုံ ပွဲတော်မှာ လုံခြုံရေးအရ အမည်မဖော်နိုင်တဲ့ မြန်မာဓာတ်ပုံသတင်းထောက် တစ်ဦးက ထိပ်တန်းဆု ဆွတ်ခူးသွားပါတယ်။

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ကျင်းပတဲ့ "Visa Pour L'Image" ဓာတ်ပုံပွဲတော်ကို ၂၀၂၁ စက်တင်ဘာ ၃ ရက်နေ့က တွေ့ရစဉ် Photo: AFP

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ကျင်းပတဲ့ "Visa Pour L'Image" ဓာတ်ပုံပွဲတော်မှာ လုံခြုံရေးအရ အမည်မဖော်နိုင်တဲ့ မြန်မာဓာတ်ပုံသတင်းထောက်တစ်ဦးက ထိပ်တန်းဆု ဆွတ်ခူးသွားပါတယ်။

ဒီမိုကရေစီရေးဆန္ဒပြပွဲတွေနဲ့ စစ်ကောင်စီက သွေးထွက်သံယိုဖြိုခွင်းနေတဲ့ သတင်းဓာတ်ပုံ ရိုက်ကူးနိုင်တဲ့ အတွက် အမြင့်ဆုံးသတင်းဓာတ်ပုံဆု စနေနေ့က ဆွတ်ခူးရရှိသွားတာပါ။

ဆန္ဒပြအရပ်သားတွေက ခဲတွေကိုင်ထားတဲ့ ဓာတ်ပုံတွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်နေတဲ့ စစ်သားတွေ ဓာတ်ပုံတွေနဲ့ သေဆုံးသွားသူတွေအတွက် ပူဆွေးသောက ရောက်နေတဲ့ ကျန်ရစ်သူမိသားစုတွေပုံအတွက် ဆုရရှိတာလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းကတည်းက သူဟာ လမ်းတွေပေါ်မှာ နေ့တိုင်းရှိနေတယ်လို့ အမည် မဖော်လိုတဲ့ ဓာတ်ပုံဆရာက အမှာစကားပါးပါတယ်။

အခက်အခဲတွေ များစွာကြုံရပြီး ကျည်ဆံတွေကြား၊ မျက်ရည်ယိုဗုံးတွေကြား၊ နားပင်းရတဲ့ လက်ပစ်ဗုံးတွေ ကြား ဓာတ်ပုံရိုက်တာပါလို့ ပြောပါတယ်။ ဓာတ်ပုံဆရာတွေကို စစ်သားတွေက ပစ်မှတ်ထားတာမို့ PRESS သတင်းဌာနလို့ ရေးထားတဲ့ သံခမောက်မဆောင်းတော့ဘဲ ဓာတ်ပုံ ရိုက်ရတယ်လို့လည်း ပြောပါတယ်။

သူ့ကိုယ်စား New York Times သတင်းစာက အာရှရေးရာဓာတ်ပုံအယ်ဒီတာ Mikko Takkunen က ဆုလက်ခံရယူပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org