NUG က ယာယီအပစ်အခတ်ရပ်စဲရေး ၁ ပတ် ထပ်မံတိုးမြှင့်

RFA Burmese
2025.04.13
NUG က ယာယီအပစ်အခတ်ရပ်စဲရေး ၁ ပတ် ထပ်မံတိုးမြှင့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီလ ၂၀၂၂ ခုနှစ် မေလက ကချင်ပြည်နယ်က PDF စခန်းကို သွားရောက်စဉ် ။ Photo: NUG
NUG

ငလျင်သင့်ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဧပြီ ၁၃ ကနေ ၂၀ ရက်နေ့အထိ သီတင်းတစ်ပတ် ထိုးစစ်တွေ ဆက်လက်ရပ်ဆိုင်းထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန် ကြေညာပါတယ်။

မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေအတွက် NUG က မတ်လ ၃၀ ရက်နေ့ကနေ ဧပြီ ၁၂ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး အခုထပ်မံ သက်တမ်းတိုးလိုက်တာပါ။

ပြင်းထန်ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးထိခိုက်မှုကြီးမားခဲ့တဲ့ မြန်မာပြည်သူတွေအတွက် ဧပြီလ ၁၃ ရက်နေ့ကနေ ၂၀ ရက်န့အထိ “နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှု နဲ့ နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်” အဖြစ် သတ်မှတ်ကြောင်း၊ ဒီကာလအတွင်း ငလျင်ဒဏ်သင့်ဒေသတွေ နဲ့ ဆက်စပ်ခရိုင်တွေမှာ ခုခံကာကွယ်စစ်ကလွဲပြီး ထိုးစစ်အားလုံး ဆက်လက်ရပ်ဆိုင်းဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ပြည်တွင်းပြည်ပက ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း လိုအပ်တဲ့အကူအညီ နဲ့ ကာကွယ်စောင့်ရှောက်မှုပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ညွှန်ကြားထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီကလည်း ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပါတယ်။ ဒါပေမယ့် လေယာဉ် နဲ့ ဗုံးကြဲတာတွေ၊ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။