ပတ်ဝန်းကျင်ကိစ္စ တရုတ်ဆောင် ရွက်ပုံ မြန်မာရှေ့နေ များ လေ့လာမည်
တရုတ်နိုင်ငံက စီမံကိန်းတွေမှာ သဘာ၀ ပတ်ဝန်းကျင် မထိခိုက်ရေးအတွက် ဘယ်လိုဘယ်ပုံ ဆောင်ရွက်နေသလဲဆိုတာ မြန်မာနိုင် ငံ ရှေ့နေများကွန်ရက်က သွားရောက်လေ့လာမယ်လို့ သိရပါတယ်။
-
2014-06-25 -
-
-
Your browser doesn’t support HTML5 audio
တရုတ်နိုင်ငံက စီမံကိန်းတွေမှာ သဘာဝပတ်ဝန်းကျင်မထိခိုက်ရေးအတွက် ဘယ်လိုဘယ်ပုံ ဆောင်ရွက်နေသလဲ ဆိုတာ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က သွားရောက်လေ့လာမယ်လို့ သိရပါတယ်။
အဲသလိုလေ့လာခြင်းအားဖြင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီရဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို ခန့်မှန်းနိုင်မယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်က တရားလွှတ်တော်ရှေ့နေဦးအောင်သိန်းက RFA ကို အခုလို ပြောပါတယ်။
"သူတို့ဆီက လှှုပ်ရှားတက်ကြွတဲ့ရှေ့နေအဖွဲ့ ကျနော်တို့ ဗမာပြည်ကို ပြီးခဲ့တဲ့ လကလာသွားတယ်ဗျ၊ ကျနော်တို့ကို သူတို့ပြန်ဖိတ်တယ်ပေါ့လေ၊ သူတို့နိုင်ငံကိုလည်း လာလေ့လာဖို့ဆိုတဲ့ သဘောပေါ့၊ သဘာဝပတ်ဝန်းကျင် လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေအဖွဲ့လို့ပဲ ကျနော်က နားလည်ပါတယ်၊ သူတို့နိုင်ငံမှာ ဒီသဘာဝပတ်ဝန်းကျင်ကို နောက်ပိုင်းတော်တော်လေး အစိုးရကိုယ်တိုင်က ဂရုတစိုက် လုပ်လာတာတွေ့ ရတယ်ပေါ့နော်၊ ကျနော်တို့နိုင်ငံမှာ ဘာဖြစ်လို့ သဘာဝပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာဆန်းစစ်တာတွေ မလုပ်တာလည်းပေါ့နော် ကျနော်က အဲ့ဒီဟာတွေကို အဓိကထား လေ့လာမှာပါ"
မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်အနေနဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို စံနမူနာထားပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုဘယ်လောက်ရှိလ ဲဆိုတာလေ့လာစောင့်ကြည့် ဖေါ်ထုတ်သွားမယ်လို့ လည်း ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။
အရင်ကလဲ မြန်မာနိုင်ငံရှေ့နေများကွန်ယက်ဟာ အမေရိကန်နိုင်ငံအခြေစိုက် Justice Trust ရှေ့နေ အဖွဲ့နဲ့ပူးပေါင်း ပြီး၊ လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွင်းမှုမှာ ဖော့စ်ဖရပ်-မီးစုံးဓါတ်ပါတဲ့ဗုံး သုံးထားတယ်လို့စစ်ဆေးဖေါ်ထုတ် ထားပါတယ်။
တရုတ်နိုင်ငံက စီမံကိန်းတွေမှာရောပတ်ဝန်းကျင်အတွက် ဘယ်လိုဆောင်ရွက်နေလဲဆိုတာကို သွားရောက်လေ့လာ မယ့် မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းခဲ့ပါတယ်။