မြန်မာပြည်ကို မြေမြှုပ်မိုင်း တတိယ အဆိုးဆုံးနိုင်ငံအဖြစ် ICBL ဖေါ်ပြ

မြန်မာနိုင်ငံဟာ ကမ္ဘာတဝှမ်း မြေမြှုပ် မိုင်းကြောင့် သေဆုံးရသူ တတိယ အများ ဆုံးနိုင်ငံဖြစ်ကြောင်း ICBL ခေါ် နိုင်ငံတကာ မြေမြှုပ် မိုင်း သုံးစွဲမှုပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ နှစ်ပတ်လည်အစီရင်ခံ စာက ဖေါ်ပြပါတယ်။

စစ်အစိုးရတပ်များ ထောင်ထားသော မြေမြုပ်မိုင်းများကို ပြန်လည် တူးဖော်ပြီးနောက်တွေ့ရစဉ်။ (Photo: Courtesy of Free Burma Rangers)
စစ်အစိုးရတပ်များ ထောင်ထားသော မြေမြုပ်မိုင်းများကို ပြန်လည် တူးဖော်ပြီးနောက်တွေ့ရစဉ်။
(Photo: Courtesy of Free Burma Rangers)

မြန်မာနိုင်ငံဟာ ကမ္ဘာတဝှမ်း မြေမြှုပ်မိုင်းကြောင့် သေ ဆုံးရသူ တတိယအများဆုံးနိုင်ငံဖြစ်ကြောင်း ICBL ခေါ် နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ နှစ်ပတ်လည်အစီရင်ခံ စာက ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၉ ခုနှစ်ကစပြီး အခုထိ မြေမြှုပ် မိုင်းကြောင် ့သေဆုံးရသူ ၃၅၀၀ ကျော်ရှိတဲ့အတွက် တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြေမြှုပ်မိုင်းသုံးစွဲမှု အလွန်မြင့်မားတဲ့ အဆင့်မှာရှိနေကြောင်း၊ Antipaersonal mine ခေါ် လူသတ်မိုင်းတွေ အသုံးပြုနေတာဖြစ်လို့ အခုလို သေဆုံးနှုန်းမြင့်မားနေ တာဖြစ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန် တဲ့ ICBL အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင် နဲ့ ရှမ်းပြည် နယ်တွေ အပါအဝင် ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေ ကမြို့နယ်ပေါင်း ၅၀ ကျော်မှာ မြေမြှုပ်မိုင်း ပြဿနာ ကြုံတွေ့ နေရပြီး၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း အရှေ့ပိုင်းတွေမှာ အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို မြေမြှုပ်မိုင်းကြောင့် သေဆုံးနှုန်းမြင့်မားနေပေမဲ့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ပညာပေး လုပ်ငန်းတွေ မရှိသလောက် နည်းပါးနေတယ်လို့လည်း သိရပါတယ်။

၂၀၁၂ ခုနှစ်အတွင်းသမ္မတ ဦးသိန်းစိန်က မြေမြှုပ်မိုင်းရှင်းလင်းရေး အစီအစဉ်အတွက် ဥရောပသမဂ္ဂရဲ့ အကူအညီ ကို တောင်းခံခဲ့ပေမဲ့၊ ပြဿနာရှိတဲ့နေရာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ သွားခွင့်မရခဲ့ကြပါဘူး။ ဒီအတွက် အစိုးရနဲ့ စစ်တပ်က တစ်ဖက်ကိုတစ်ဖက် အပြစ်တင်နေကြတာပဲရှိခဲ့ပြီး၊ Free Burma Rangers လို အဖွဲ့ဝင်တွေ ကသာ နေရာတချို့မှာ မြေမြှုပ်မိုင်းလျှော့ချရေး အစီအစဉ်တွေ ဆောင်ရွက်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံ မြေမြှုပ် မိုင်းစောင့်ကြည့်ရေး သုတေသီတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီနှစ် ဒီဇင်ဘာလအထိ နိုင်ငံပေါင်း ၁၆၂ နိုင်ငံအနက် ၈၀ ရာနှုန်းကျော်က မြေမြှုပ်မိုင်းအသုံးမပြုရေး စာချုပ်လက် မှတ်ရေးထိုးခဲ့ကြပေမဲ့ မြန်မာနိုင်ငံမပါဝင်ခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org