မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဂျပန်က ဒေါ်လာ ၅ဝ၄ သန်း ချေး မည်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်း လဲရေးလုပ်ငန်းတွေ ချောမွေ့အောင်မြင်ရေးအတွက် အားပေးကူညီတဲ့အနေနဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၅ဝ၄ သန်း ချေးငွေပေးသွား မှာဖြစ်တယ်လို့ နှစ်နိုင်ငံအစိုးရတွေ တွေ့ဆုံစဉ်မှာ သဘောတူညီလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ နေပြည်တော်တွင် တွေ့ဆုံစဉ် Photo : Facebook\U Ye Htut

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ချောမွေ့အောင်မြင်ရေးအတွက် အားပေး ကူညီတဲ့အနေနဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၅ဝ၄ သန်းချေးငွေ ပေးသွား မှာဖြစ်တယ်လို့ နှစ်နိုင်ငံအစိုးရတွေ တွေ့ဆုံစဉ်မှာ သဘောတူညီလိုက်ကြောင်းသိရပါတယ်၊

မြန်မာနိုင်ငံမှာ ၃ ရက်ကြာ အလည်အပတ်ရောက် ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီကနေ့ သွားရောက်တွေ့ ဆုံ ဆွေးနွေးပြီးတဲ့နောက်မှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဌာနက အခုလို ကြေညာလိုက်တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲအစီအစဉ်တွေ  အရှိန်အဟုန်ရရှိစေဖို့  မြန်မာနိုင်ငံက ပေးဆပ်ဖို့ ကျန်ရှိနေတဲ့  အကြွေးငွေ  အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀၀ ကျော်ကိုလည်း လျှော်ပစ်မယ် လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မစ္စတာ အာဘေးဟာ မြန်မာနိုင်ငံကို ၃၆ နှစ်အတွင်း ပထမဆုံးလာရောက်တဲ့ ဂျပန်ဝန်ကြီးချုပ်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org