မြန်မာသံတော်ဆင့်ဂျာနယ် ၁၁ ဦးအမှု အယူခံရရှိ

နိုင်ငံတော်သမ္မတ ဂုဏ်သိက္ခာကို ထိ ခိုက်စေမှုနဲ့ တရားစွဲခံထားရတဲ့ မြန်မာ သံတော်ဆင့် သတင်းဂျာနယ်က ထုတ်ဝေ သူနဲ့ အယ်ဒီ တာချုပ်အပါအဝင် ၁၁ ဦးဟာ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တစ်ဦးကို အာမခံကြေး ကျပ် ၁ဝ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ် သိန်း ၁၁ဝ တင်သွင်းခဲ့ပြီး ဒီနေ့ အာမခံ ရရှိခဲ့ပါတယ်။

မြန်မာသံတော်ဆင့် ဂျာနယ်မျက်နှာဖုံးတစ်ခုကို တွေ့ရစဉ်

နိုင်ငံတော်သမ္မတ ဂုဏ်သိက္ခာကို ထိခိုက်စေမှုနဲ့ တရားစွဲခံထားရတဲ့ မြန်မာသံတော်ဆင့်သတင်း ဂျာနယ်က ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်အပါအဝင် ၁၁ ဦးဟာ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ တစ်ဦးကို အာမခံကြေး ကျပ် ၁ဝ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ် သိန်း ၁၁ဝ တင်သွင်းခဲ့ပြီး ဒီနေ့ အာမခံရရှိခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက တရားလိုလုပ်ပြီး ပုဒ်မ ၂၅(ခ) ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ရေး သားမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

တရားရုံးချိန်းမှာ တရားစွဲခံရသူ ၁၁ ဦးကို အပြစ်ရှိ မရှိ မေးမြန်းစစ်ဆေးပြီးနောက် အာမခံရရှိခဲ့တယ် လို့ မြန်မာသံတော်ဆင့်သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးအောင်ထွန်းလင်းက ပြောပါတယ်။

"ဒီနေ့ဖြစ်စဉ်က ၂၅(ခ)ပေါ့နော်၊ ပြန်ကြားရေးက ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက တရားစွဲထားတယ်၊ ဒီအပေါ်မှာ အပြစ်ရှိလား မရှိလားပေါ့၊ ကျနော်တို့ဘက်ကတော့ ဒါအပြစ်မရှိဘူး လျှောက်လဲတာပေါ့၊ အဓိကကတော့ အာမခံ ကိစ္စပဲလုပ်တာ၊ ကျနော်တို့ကို အာမခံပေးမယ့်သူရှိတော့ အားလုံးကိုဒီအာမခံနဲ့ ရသွားတာပေါ့"

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့ကထုတ်ဝေခဲ့တဲ့ မြန်မာသံတော်ဆင့်သတင်းဂျာနယ်မှာ ဒုတိယအယ်ဒီတာချုပ် အံ့ခေါင်မင်းနဲ့ ‘ဗေဒါ’ နိုင်ငံရေးသိပ္ပံကျောင်း ကျောင်းအုပ် ဦးမျိုးရန်နောင်သိမ်းတို့ တွေ့ဆုံမေးမြန်းချက်ကဏ္ဍ ကို ဖော်ပြခဲ့ပါတယ်။

အဲ့ဒီမေးမြန်းချက်မှာ နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အသုံးအနှုန်းတွေ ဖော်ပြခဲ့တဲ့အတွက် ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်အပါအဝင် ၁၁ ဦးကို ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က စတင်တရားစွဲခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org